ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းနဲ့ စာချုပ်သစ်အရ တမိနစ်ကို လုပ်ခ ၂၉၁ ပေါင် (မြန်မာငွေကျပ် ၁၂ သိန်းကျော်) ရရှိမယ်လို့ သိရပါတယ်။
အသက် ၃၉ နှစ်ရှိ စီရော်နယ်ဒိုဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ စာချုပ်သစ် ချုပ်ဆိုသွားမှာဖြစ်ပြီး ကမ္ဘာ့လုပ်ခအများဆုံး အားကစားသမားအဖြစ် စံချိန်သစ် တင်နိုင်မှာပါ။
စာချုပ်သစ်အရ တနှစ်ကို လုပ်ခ ပေါင် ၁၆၄ သန်းအထိ ရရှိမှာဖြစ်ပြီး ကွင်းပြင်ပ ပုံရိပ်အသုံးပြုခနဲ့ တခြားကိစ္စတွေအတွက် ပေါင် ၄၉ သန်းအထိ ရရှိမယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။
တပတ်လုပ်ခ ပေါင် ၃ ဒသမ ၁၉ သန်း ရရှိမှာဖြစ်ပြီး တရက်ကို ပေါင် ၄၁၉,၈၀၀ ရရှိမှာပါ။ တမိနစ်လုပ်ခ တွက်ချက်ကြည့်မယ်ဆိုရင် ၂၉၁ ပေါင် ရရှိမှာဖြစ်ပါ။ မြန်မာဗဟိုဘဏ်က သတ်မှတ်တဲ့ ဇန်နဝါရီ ၁၄ ရက် ငွေလဲဈေးနူန်းအရ တမိနစ်ကို မြန်မာငွေ ကျပ် ၁,၂၇၅,၄၅၃ ကျော် ရရှိမှာဖြစ်ပြီး တရက်စာ တွက်ကြည့်မယ်ဆိုရင်တော့ ကျပ်သိန်း ၂၀,၀၀၀ နီးပါးအထိ ရရှိမှာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့ စုစုပေါင်း ၈၄ ပွဲ ကစားအပြီးမှာ ၇၅ ဂိုးအထိ သွင်းယူထားသူ ဖြစ်ပါတယ်။