Home
နိုင်ငံတကာ
စပိန်ကို စွန့်ပစ်အမှိုက်ပို့သည့် အီတလီမှောင်ိခုဂိုဏ်းအား ဖမ်းဆီး
DVB
·
January 15, 2025
Photo : SPANISH GUARDIA CIVIL HANDOUT

အီတလီနိုင်ငံကနေ စပိန်နိုင်ငံကို ရှင်းလင်းခွဲထုတ် မလုပ်ထားရသေးတဲ့ မြို့ပြအမှိုက်တွေကို တနှစ် တန်ချိန် ၄၀,၀၀၀ ကျော်လောက် မှောင်ခိုအရောင်းအဝယ် ပြုလုပ်နေကြောင်း သံသယရှိတဲ့ ဂိုဏ်းတဖွဲ့ကို လက်ရဖမ်းဆီးလိုက်ကြောင်း စပိန်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၄ ရက်မှာ ပြောပါတယ်။

လူပုဂ္ဂိုလ် ၁၅ ယောက်နဲ့ ကုမ္ပဏီ ၇ ခုတို့ကို စုံစမ်းစစ်ဆေးနေပြီး ရာဇ၀တ်အဖွဲ့အစည်းတခုလို့ သံသယရှိမှု၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ကို ဆန့်ကျင်တဲ့ ရာဇ၀တ်မှုတွေအပြင် အတုအပ ပြုလုပ်မှုဆိုင်ရာ အမှုတွေ ပါဝင်ပါတယ်။

အမည်မဖော်ပြထားတဲ့ အီတလီ စွန့်ပစ်ပစ္စည်းသန့်စင်ရေး ကုမ္ပဏီတွေဟာ အန္တရာယ်ရှိတဲ့ အဆိပ်သင့်ပစ္စည်းတွေ အပါအဝင် အမှိုက်တွေကို စွန့်ပစ်ဖို့ ၂၀၂၁ ခုနှစ်ကတည်းက မှောင်ခိုသမားတွေကို ယူရို ၁၉ သန်း ပေးချေခဲ့ကြောင်း ထုတ်ပြန်ချက်ထဲမှာ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

အီတလီကနေ စွန့်ပစ်တဲ့ အမှိုက်တွေဟာ တခြားပစ္စည်းတွေနဲ့ ရောနှောနေပေမဲ့လည်း အဓိကအားဖြင့် မြို့ပြအမှိုက်တွေ ဖြစ်ပါတယ်။

မြို့ပြအမှိုက်တွေ ဆိုတာဟာ လူနေရပ်ကွက်နဲ့ စက်မှုဇုန်တွေက ထွက်လာတဲ့ အမှိုက်ဖြစ်ပြီး စွန့်ပစ်ပစ္စည်းတွေမှာ အစိုင်အခဲသာမက စွန့်ပစ်အရည်တွေလည်း ပါနိုင်ပါတယ်။

“မြို့ပြအမှိုက်တွေကို စီမံခန့်ခွဲဖို့ အီတလီကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ထားပေမဲ့ သူတို့ဟာ ကုန်ကျစရိတ် သက်သာဖို့အတွက် သူတို့ရဲ့ စွန့်ပစ်ပစ္စည်းကို စပိန်နိုင်ငံကို လွှဲပေးတာကြောင့် သူတို့ဟာ အီတလီ ဘဏ္ဍာရေးဌာနရဲ့ ကုန်ကျစရိတ်နဲ့ ဝင်ငွေ ယူရိုသန်းပေါင်းများစွာ ရရှိခဲ့တယ်” လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီဂိုဏ်းဟာ အမည်ခံကုမ္ပဏီတွေကို တန်းစီ ထူထောင်ထားပြီး စွန့်ပစ်ပစ္စည်းတွေကို လုံးဝပြုပြင်ထားခြင်းမရှိကြောင်း ထင်မြင်စေဖို့ စာရွက်စာတမ်းတွေကို အတုပြုလုပ်ပေးတာလည်း ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013