ကမ္ဘာကျော် အီတလီ ဖက်ရှင်ဒီဇိုင်နာ ရိုဇီတာမစ်ဆိုနီရဲ့ ဈာပနအခမ်းအနားကို ဇန်နဝါရီ ၇ ရက်က မီလန်မြို့မှာ ကျင်းပရာမှာ ဖက်ရှင်လောကသားတွေ တက်ရောက်ခဲ့ကြပြီး အီတလီရဲ့ အချစ်ဆုံး အကောင်းဆုံး ဒီဇိုင်နာတွေထဲက တယောက်ဖြစ်တဲ့ ရိုဇီတာကို နောက်ဆုံးအကြိမ် နှုတ်ဆက်ခဲ့ကြပါတယ်။
တောက်ပပြီး ပုံစံကျတဲ့ စတိုင်တွေနဲ့ ကျော်ကြားတဲ့ ဖက်ရှင်ဟောက်စ်ကို ပူးတွဲတည်ထောင်သူ အသက် ၉၃ နှစ်အရွယ် အီတလီဒီဇိုင်နာ ရိုဇီတာမစ်ဆိုနီဟာ ဇန်နဝါရီ ၁ ရက်မှာ ကွယ်လွန်ခဲ့တာပါ။
မစ်ဆိုနီ တန်ဖိုးကြီး ဖက်ရှင်ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ထဲမှာ ရိုဇီတာကို အီတလီနဲ့ နိုင်ငံတကာ ဖက်ရှင်လောကမှာ အမြော်အမြင်ရှိတဲ့ပုဂ္ဂိုလ်လို့ ဂုဏ်ပြုခေါ်ဆိုလိုက်ပြီး သူဟာ ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားခဲ့တယ်လို့ ပြောပါတယ်။
သူဟာ ၁၉၅၃ ခုနှစ်မှာ ခင်ပွန်း အော့တာဗီယိုမစ်ဆိုနီနဲ့ စီးပွားရေးလုပ်ငန်းကို စတင်ခဲ့ပြီး ဖီယန်မာတိုလို့ သိကြတဲ့ ဇစ်ဇက်ပုံစံတွေ အစင်းတွေပါတဲ့ ရောင်စုံဇာထိုး အထည်ဝတ်စုံတွေအတွက် ရေပန်းစားလာခဲ့တဲ့ အမှတ်တံဆိပ်တခုကို တီထွင် ဖန်တီးခဲ့ပါတယ်။
Source-Reuters