“Casino Royale” နဲ့ “House of Gucci” တို့လို ရုပ်ရှင်တွေ ရိုက်ကူးခဲ့တဲ့ အီတလီနိုင်ငံက ကိုမို ရေကန်ကြီးကို အမှီပြုတဲ့ ခရီးသွားလုပ်ငန်းက အမှတ်တရပစ္စည်း ရောင်းချတဲ့နေရာမှာ သူမတူအောင် ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။
Italy Comunica ကုမ္ပဏီက ကိုမိုရေကန်ကြီးက လေကို ပုလင်းသွတ်ပြီး တဘူး ၉ ဒသမ ၉ ယူရိုနဲ့ ရောင်းနေတာဖြစ်ပါတယ်။
တဘူးမှာ ကိုမိုကန်က ယူထားတဲ့ ၁၀၀ ရာခိုင်နှုန်းလေစစ်စစ် ၄၀၀ မီလီလီတာ ပါဝင်တယ်လို့ ဆိုပါတယ်။
ဘူးမှာ နိုက်ထရိုဂျင်က ဘယ်လောက်၊ အောက်ဆီဂျင် ဘယ်လောက်၊ ကာဘွန်ဒိုင်အောက်ဆိုက်၊ နီယွန်၊ ဟီလီယမ်၊ မီသိန်း၊ ဟိုက်ဒြိုဂျင် စသဖြင့် ဘယ်ဓာတ်ငွေ့က ဘယ်လောက်ပါသလဲ ဆိုတာပါ အသေးစိတ် ပါဝင်ပါတယ်။
ကိုမိုကန်ရဲ့ လျှို့ဝှက်ဖော်မြူလာ ၀ ဒသမ ၀,၀၀၀,၀၀၁ ရာခိုင်နှုန်း ပါဝင်တယ်လို့ပါ ရေးထားပါသေးတယ်။
ကိုမိုကန်ကြီးကို ၂၀၂၃ ခုနှစ်တုန်းက ခရီးသွား ၅ ဒသမ ၆ သန်းအထိ လာခဲ့သလို ဒီနှစ်မှာလည်း ပိုများမယ်လို့ မှန်းထားပါတယ်။
Source : Reuters