ဥရောပအလယ်ပိုင်းမှာ ရေကြီးမှုတွေ ဖြစ်ပေါ်ပြီးနောက် အီတလီနိုင်ငံ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းတို့ကို ဘောရစ်မုန်တိုင်း ဝင်ရောက်နေပါတယ်။
အီတလီနိုင်ငံ ရိုမတ်နာဒေသ အရှေ့မြောက်ပိုင်းမှာ ဒေသခံ ၁,၀၀၀ ကျော် ဘေးလွတ်ရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။
မုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် ရှိမရှိ မထုတ်ပြန်သေးပေမဲ့ ပျောက်ဆုံးသူ ၂ ယောက် ရှိတယ်လို့ ဒေသခံသတင်းတွေက ဖော်ပြပါတယ်။
ဥရောပမှာ မုန်တိုင်းဒဏ်ခံရတဲ့ နိုင်ငံတွေကို ဥရောပကော်မရှင်ဥက္ကဋ္ဌက ယူရို ၁၀ ဘီလီယံ ကူညီမှာဖြစ်ကြောင်း ကြေညာထားပါတယ်။
ကော်မရှင်ဥက္ကဋ္ဌဟာ ရေကြီးမှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပိုလန်၊ ချက်၊ စလိုဗက်ကီးယား၊ ဩစတြီးယားနိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုအပြီးမှာ ကူညီမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ပိုလန်၊ ချက်၊ ရိုမေးနီးယား၊ ဩစတြီးယားနိုင်ငံတို့မှာ ရေနစ်မြုပ်မှုကြောင့် ၂၃ ယောက်ထက် မနည်း သေဆုံးခဲ့ပြီး လက်ရှိအချိန်မှာ ဘောရစ်မုန်တိုင်းဒဏ်ကို အများဆုံးခံရတဲ့ ဥရောပနိုင်ငံ ဖြစ်ပါတယ်။
အထူးသဖြင့် ရိုမတ်နာဒေသမှာ ကျောင်းတွေပိတ်ထားပြီး မြေပြိုမှုတွေဖြစ်လို့ လမ်းတချို့ ပျက်စီးခဲ့ကာ ရထားလိုင်းတွေလည်း ပိတ်ထားခဲ့ရပါတယ်။
ဒေသခံတွေအနေနဲ့ မြေအောက်ထပ်တွေမှာ ပုန်းအောင်းနေထိုင်မှုတွေ ရှောင်ရှားဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
ဒါ့အပြင် ရေကြီးမှုအန္တရာယ်ကိုလည်း အနီရောင်အဆင့် သတိပေးမှု ပြုလုပ်ထားပြီး ရိုမတ်နာ အရှေ့ပိုင်းမှာ မြေပြိုမှုတွေလည်း ရှိခဲ့ပါတယ်။
ဥရောပမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတည်းက မိုးရွာသွန်းမှုတွေ များခဲ့ပြီး သောကြာနေ့အထိ ဆက်တိုက်ရွာခဲ့တာကြောင့် ဥရောပအလယ်ပိုင်းမှာ ရေကြီးမှုတွေ ဆက်ဖြစ်နေဖွယ် ရှိပါတယ်။
ဘောရစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ရိုမေးနီးယားနဲ့ ပိုလန်နိုင်ငံတို့မှာ ထိခိုက်မှု များခဲ့ပါတယ်။
ဥရောပအလယ်ပိုင်းနဲ့ အရှေ့ပိုင်းမှာ လူသေဆုံးမှုလည်း ၁၄ ယောက်အထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ မုန်တိုင်းကြောင့် ရေကြီးမှုတွေ၊ အဆောက်အဦ ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Source-Reuters