Home
နိုင်ငံတကာ
အီတလီမှအလိုရှိသည့် အကြမ်းဖက်ပြောက်ကျားအဖွဲ့ဝင်ဟောင်းကို အာဂျင်တီးနားရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
August 30, 2024
Photo -REUTERS

အီတလီနိုင်ငံမှ လက်ဝဲစွန်းဝါဒီ လက်နက်ကိုင် ပြောက်ကျားအဖွဲ့ဝင်အဖြစ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် အီတလီ တရားစီရင်ရေးစနစ်က အလိုရှိနေတဲ့ အနီရောင်တပ်မဟာ အဖွဲ့ဝင်ဟောင်း လီယိုနာဒို ဘဲတူလာဇီကို  အာဂျင်တီးနားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သြဂုတ် ၂၉ ရက်မှာ ကြေညာပါတယ်။

ပြန်ပေးဆွဲမှုနဲ့ ရာဇ၀တ်ဂိုဏ်းတွေအပါအဝင် ရာဇ၀တ်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ ဘဲတူလာဇီဟာ အာဂျင်တီးနားမှာ ဒုက္ခသည်အဖြစ် နှစ်ပေါင်းများစွာ နေလာခဲ့တာဖြစ်ပြီး သမ္မတ ဟာဗီယာ မီလေ့ရဲ့ လက်ရှိ အစွန်းရောက်လစ်ဘရယ် အုပ်ချုပ်ရေးအောက်မှာ ဒီနေထိုင်မှု အဆင့်အတန်းကို သူ ဆုံးရှုံးခဲ့ပါတယ်။

“ဘဲတူလာဇီဟာ ဒီမိုကရေစီတန်ဖိုးတွေနဲ့ နစ်နာသူပေါင်းများစွာရဲ့ အသက်တွေကို ထိခိုက်စေတဲ့ ရာဇ၀တ်မှုတွေအတွက် တာဝန်ရှိတယ်”လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အနီရောင်တပ်မဟာ (Red Brigade) ဟာ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်တွေအတွင်းက အီတလီမှာ လှုပ်ရှားခဲ့တဲ့ လက်ဝဲစွန်းဝါဒီ လက်နက်ကိုင် အကြမ်းဖက် ပြောက်ကျားအုပ်စု ဖြစ်ပါတယ်။

သူတို့ဟာ ၁၉၇၈ ခုနှစ်က အီတလီဝန်ကြီးချုပ်နဲ့ ခရစ်ယာန် ဒီမိုကရက်တစ်ခေါင်းဆောင် အာလ်ဒို မိုရိုကို ပြန်ပေးဆွဲ သတ်ဖြတ်တာ အပါအဝင် ရာဇ၀တ်မှုအမျိုးမျိုး ကျူးလွန်မှုကြောင့် လူသိများလာခဲ့ပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013