
ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ဆက်စပ်နေတဲ့ ဆီးရီးယား ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထဲမှာ စစ်သားသစ်တွေအတွက် ၁၇ ကြိမ်မြောက် သင်တန်းကို ဇန်နဝါရီ ၁၄ ရက်မှာ သင်တန်းဆင်းပေးခဲ့ပြီး အဖွဲ့ဝင် ၅၀၀ ဟာ ၁၀ ရက်ကြာ သင်တန်းအပြီးမှာ သင်တန်းဆင်းလက်မှတ် ရခဲ့ကြပါတယ်။
ဆီးရီးယား ကယ်တင်ရေးအစိုးရ လက်အောက်က ရဲသင်တန်းကျောင်းမှာ လုံခြုံရေး အဆင်သင့်ဖြစ်မှု မြှင့်တင်ဖို့နဲ့ ဆီးရီးယားနိုင်ငံတဝန်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ တပ်သားသစ်တွေ နယ်ပယ်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး သင်တန်းပို့ချခဲ့တာပါ။
အမျိုးသားလုံခြုံရေးအတွက် ဝန်ကြီးဌာနရဲ့ ကတိကဝတ် တစိတ်တပိုင်းအနေနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေ အားလုံးက နိုင်ငံသားတွေရဲ့ လုံခြုံရေးကို မြှင့်တင်ဖို့ လူသစ်စုဆောင်းဖို့ ပြင်ဆင်ရာမှာ ဒီလို အမြန်သင်တန်းတွေရဲ့ အရေးပါမှုကို သင်တန်းခေါင်းဆောင် ဟီရှမ် ဟီလယ်က မီးမောင်းထိုးပြပါတယ်။
ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှာ လူ ၂ သိန်းကျော် ပါဝင်ဖို့ စိတ်ဝင်စားကြောင်း စာရင်းသွင်းထားကြလို့ ဒီ ရေတိုအစီအစဉ်ဟာ ပိုကြီးတဲ့ စုဆောင်းရေးကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
လူသစ်စုဆောင်းရာမှာ အသက် ၁၈ နှစ်ကနေ ၃၀ နှစ်ကြား လူငယ်တွေဟာ အနည်းဆုံး မူလတန်းပညာရေး ပြီးမြောက်ဖို့ လိုအပ်ပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု၊ ပေါင်းသင်းဆက်ဆံရေး စွမ်းရည်နဲ့ အကျင့်စာရိတ္တကောင်းမွန်ဖို့ လိုအပ်ပါတယ်။
Source : Reuters