လက်ဘနွန်နဲ့ ဆီးရီးယား ၂ နိုင်ငံဟာ ကုန်းမြေနယ်နိမိတ် လုံခြုံရေးအပြင် ကုန်းမြေနဲ့ ပင်လယ်နယ်နိမိတ် နှစ်ခုစလုံးကို ခွဲခြားသတ်မှတ်ရေးအတွက် အတူတကွ ဆောင်ရွက်သွားမယ်လို့ လက်ဘနွန် အိမ်စောင့်ဝန်ကြီးချုပ် နာဂျစ်မီကာတီက ဆီးရီးယားမြို့တော် ဒမတ်စကတ်မှာ ရောက်နေတုန်း ဇန်နဝါရီ ၁၁ ရက်မှာ ပြောပါတယ်။
၁၅ နှစ်အတွင်း အိမ်နီးချင်း ဆီးရီးယားနိုင်ငံဆီ လက်ဘနွန်ဝန်ကြီးချုပ်တယောက်ရဲ့ ပထမဆုံးခရီးစဉ်အတွင်း မစ်ကာတီဟာ ဆီးရီးယားနိုင်ငံရဲ့ အဓိက ခေါင်းဆောင် အာမဒ် အယ်လ် ရှရားနဲ့အတူ ဒမ်စကတ်မြို့တော်က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မိန့်ခွန်းပြောခဲ့တာပါ။
နှစ်နိုင်ငံကြား လူမှောင်ခိုကူးမှု၊ နယ်စပ်စိန်ခေါ်မှုတွေ၊ လက်ဘနွန်ဘဏ်တွေမှာ ဆီးရီးယားက အပ်နှံမှုတွေ အပါအဝင် ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ အယ်လ်ရှရားက ပြောပါတယ်။
ဒီကိစ္စရပ်တွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့နဲ့ ပံ့ပိုးကူညီဖို့ ကော်မတီတွေ ဖွဲ့စည်းရေးကိုလည်း နှစ်ဖက်လုံးက သဘောတူခဲ့ကြပါတယ်။
Source : Reuters