Home
နိုင်ငံတကာ
ဆီးရီးယားတွင် အသတ်ခံရသည့် သတင်းထောက် ၂ ဦး၏ ဈာပနကို လူရာချီ တက်ရောက်
DVB
·
January 7, 2025
Photo : Reuters

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ကာမစ်ရှ်လီမြို့မှာ ရာနဲ့ချီတဲ့လူတွေဟာ တူရကီမှာရှိတဲ့ ကာ့ဒ်မီဒီယာတွေအတွက် အလုပ်လုပ်နေတဲ့ နာဇင်းဒါစတန်နဲ့ စီဟန်ဘီလ်ဂင် ဆိုတဲ့ သတင်းထောက် ၂ ယောက်ရဲ့ ဈာပနကို ဇန်နဝါရီ ၆ ရက်က တက်ရောက်ခဲ့ပါတယ်။

မကြာသေးမီက သေဆုံးသွားတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) တိုက်ခိုက်ရေးသမား ၃ ယောက်အတွက် ဈာပနကိုလည်း ကျင်းပခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံမြောက်ပိုင်းမှာ ဒီဇင်ဘာ ၁၉ ရက်က သူတို့ရဲ့ကားကို တူရကီဒရုန်းနဲ့  ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြာင့် သတင်းထောက်တွေ သေဆုံးခဲ့တယ်လို့ တူရကီမီဒီယာနဲ့ ကာ့ဒ်လူမျိုးတွေကို လိုလားတဲ့ပါတီက စွပ်စွဲပြောဆိုထားပါတယ်။

အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ရဲ့ ဗဟိုချက်ဖြစ်တဲ့ ဆီးရီးယား ကာ့ဒ်ပြည်သူ့စစ်တွေနဲ့  တူရကီ ကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဖြစ်ပွားနေချိန် အလက်ပိုမြို့ အရှေ့ဘက် ၅၆ မိုင်အကွာ တီရှရင်းဆည်နားမှာ ဒါစတန်နဲ့ ဘီလ်ဂင်တို့ သေဆုံးခဲ့တာလို့ တူရကီ မီဒီယာတွေက ဖော်ပြပါတယ်။

တူရကီ တာဝန်ရှိသူတွေက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။

သတင်းထောက် ၂ ယောက်ဟာ ကာ့ဒ်ပြဿနာတွေနဲ့ အိုင်အက်စ်အဖွဲ့အကြောင်း အကျယ်တဝင့်ဖော်ပြခြင်း အပါအဝင် ဆီးရီးယားပဋိပက္ခအကြောင်း သတင်းဖော်ပြမှုအတွက် လူသိများတယ်လို့ သတင်းဝက်ဘ်ဆိုက် Bianet က ဆိုပါတယ်။

SDF ကို ဦးဆောင်နေတဲ့ YPG ပြည်သူ့စစ်အဖွဲ့အား တူရကီနိုင်ငံကို နှစ်ပေါင်း ၄၀ ကြာ တိုက်ခိုက်ခဲ့တဲ့ တရားမ၀င် ကာဒစ်စတန် အလုပ်သမားများပါတီ (PKK) စစ်သွေးကြွတွေရဲ့ တိုးချဲ့မှုအဖြစ် တူရကီအစိုးရက ရှုမြင်ထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013