တောင်ခမ်းက အမြောက်တပ်တွေနဲ့ ရင်ဆိုင်ထားဆဲအခြေအနေဖြစ်ပြီး လတ်တလောမှာတော့ တိုက်ပွဲဖြစ်တာမျိုးမရှိဘူးလို့ TNLA ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံလွေးယေဦးက DVB ကို ပြောပါတယ်။
နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်းတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဝိုင်းရံပိတ်ဆို့ထားပြီး လက်တလောမှာ တိုက်ပွဲဖြစ်တာမရှိပေမဲ့ ရန်ဖန်ရံခါ ပစ်ခတ်တိုက်ခိုက်တာတွေနဲ့ စစ်ကူစစ်ကြောင်းတွေကိုတော့ မဟာမိတ်အဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်နေတာတွေတော့ ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ နောင်ချိုဘက်မှာ တိုက်ပွဲသတင်းတက်လာတာမျိုးတော့ မရှိသေးဘဲ တိုက်ပွဲငြိမ်နေပါတယ်လို့ လွေးယေဦးကပြောပါတယ်။
တောင်ခမ်းမကျရေးအတွက် စစ်ကောင်စီဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူကနေတဆင့် စစ်အင်အား ဖြည့်တင်းတာ၊ လက်နက်ခဲယမ်း၊ ရိက္ခာပို့ဆောင်တာတွေကြောင့် အဲ့ဒီဒေသမှာ တိုက်ပွဲမကြာခဏ ဖြစ်နေတာလို့ TNLA ထံက သိရပါတယ်။
တောင်းခမ်းမှာ စစ်ကောင်စီရဲ့ အမြှောက်တပ်စခန်း ကွပ်ကဲမှုဌာနချုပ်အပါအဝင် အမှတ် ၃၅၄၊ ၂၀၆ နဲ့ ၄၀၆ တပ်တွေ အခြေချ တပ်စွဲထားပြီး အဆိုပါတပ်စခန်းတွေနဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်နေတာ ၄ လကျော်လောက်အထိ ကြာမြင့်နေပြီဖြစ်ပါတယ်။
နောင်ချိုမြို့ကိုတော့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် တောင်ခမ်းက တပ်မိသားစုတွေကို ကြိုတင်ရွှေ့ပြောင်းကာ ဒီနေ့အထိ ခုခံတိုက်ခိုက်နေတာပါ။