Home
မြန်မာသတင်း
ကန့်ဘလူတွင် ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
DVB
·
January 14, 2025
Photo-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၃ ရက် မနက် ၉ နာရီဝန်းကျင်ကစပြီး ဝင်ရောက် မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) ရဲ့ တာဝန်ရှိသူတယောက်က “ပင့်သာတိုက်နယ်ထဲက အင်းမရွာနဲ့ ဖလားရရွာ ၂ ရွာကို စစ်ကောင်စီစစ်ကြောင်းက ဝင်ပြီး မီးရှို့ဖျက်ဆီးနေတာပါဗျ” လို့ ပြောပါတယ်။

အဆိုပါစစ်ကြောင်းမှာပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အင်းမကျေးရွာကို အရင်ဦးစွာ မီးရှို့ပြီးမှ ဖလားရကျေးရွာကို စစ်ကြောင်းခွဲကာ ဝင်ရောက်မီးရှို့ခဲ့ကြတာလို့ ဆိုပါတယ်။

ကန့်ဘလူခရိုင် တော်လှန်ရေးတပ်ပေါင်းစုရဲ့ တာဝန်ခံတယောက်က “အဲဒီ (--)စစ်ကြောင်းမှာ ပျူတွေပါဆိုရင် အင်အား ၁၀၀ နီးပါးလောက် ပါတယ်ဗျ။ တိုက်ပွဲမရှိဘဲ ရုတ်တရက် စစ်ကြောင်းထိုးပြီး ပြည်သူပိုင်ပစ္စည်းတွေကို သက်သက်မဲ့ မီးရှို့ဖျက်ဆီးနေတာပါ။ အဲဒီရွာတွေမှာက ပြည်သူတွေက အရင်ကတည်းက သိပ်မနေကြဘူး။ စစ်ရှောင်နေကြရတာ ၃ နှစ်နီးပါးလောက်တော့ ကြာပြီ။ ကျန်နေတဲ့ ရွာသားတွေလည်း အခုတော့ အကုန်ထွက်ပြေးကြရတယ်။ ဒီနေ့မနက်ပိုင်းအထိ စစ်ကြောင်းရှိနေသေးလို့ မီးလောင်ပျက်စီးတဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးဗျ” လို့ DVB ကို ပြောပါတယ်။

အိမ်ခြေ ၂၅၀ နီးပါးရှိတဲ့ အင်းမကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစပြီး စစ်ကောင်စီတပ်ရဲ့ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ဖျက်ဆီးတာကို ခံနေရတဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းကလည်း ကန့်ဘလူမြို့နယ်ထဲက မလယ်-ဇီးကုန်းလမ်းဆုံက လူနေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ကြပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024