Home
မြန်မာသတင်း
အမရပူရတွင် အိုးဝေသုံးဘီးမောင်းသူနှင့် ခရီးသည် ၁ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
January 14, 2025
Photo-PAN

မန္တလေး၊ အမရပူရမြို့နယ်၊ ထုံးဘို-မြစ်ငယ်သွား လမ်းမပေါ်က တိုးဂိတ်အနားက စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီ ၁၃ ရက် မနက် ၁၀ နာရီခွဲကျော်လောက်က အိုးဝေမောင်းသူနဲ့ ခရီးသည်တယောက်ကို စစ်ကောင်စီအဖွဲ့ဝင်တွေက ဖမ်းဆီးထားတာ မြင်ခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ စစ်ကိုင်းဘက်က‌နေ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကို သွားရာလမ်းဘက်မှာ အသက် ၄၀ ဝန်းကျင် အမျိုးသား ၂ ယောက်ဟာ ဖုန်းအစစ်ခံရရင်း ဖမ်းဆီးခံထားရတာပါ။

မြို့ခံတယောက်က “အိုးဝေကို လမ်းဘေးရပ်ခိုင်းတာ။ ရဲရော၊ မော်တော်ပီကယ်‌ရော၊ ပျူတွေရော ပါတယ်။ အဲဒီဂိတ်က ဖုန်းအဓိကစစ်တာ။ အိုးဝေသမားနဲ့ ‌အနောက်က လူတယောက်ကို လက်နောက်ပစ်ခိုင်းထားပြီး ဒူးထောက်ခိုင်းထားတာ။ သူတို့ တားပြီး လိုက်စစ်နေတာတော့ ဒီမနက်ခင်းကြီး အသွားကတည်းက” လို့ ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တခုမှာတော့ ကိုင်ဆောင်ထားတဲ့ ဖုန်းထဲမှာ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ထားတာ တွေ့ရှိရတဲ့ မြင်းမူမြို့နယ်နေ အသက် ၄၉ နှစ်အရွယ် ဦးထွန်းမင်းနဲ့ ‌အိုးဝေသုံးဘီးမောင်းသူ ဦးသန်းဇော်တို့ကို ဖုန်း ၂ လုံး၊ ကျပ်ငွေ ၁၁ သိန်းနဲ့ ဖမ်းဆီးထားကြောင်း ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်ကလည်း စစ်ကိုင်း-မန္တလေးသွားလမ်းမ၊ စစ်ကိုင်းတံတားအနီးက စစ်ဆေးရေးဂိတ်မှာ အသက် ၃၀ ဝန်းကျင် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ ဖုန်းစစ်ဆေးခံရပြီး တော်လှန်ရေးထောက်ပို့ဆိုကာ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013