Home
ရုပ်သံ
မင်္ဂလာဒုံလေတပ်ပတ်လည်၌ ကတုတ်ကျင်းများတူးနေ
DVB
·
January 12, 2025
min 1212025

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က အမှတ် ၅၀၂ လေတပ်စခန်းနဲ့ လေယာဉ်ကွင်းပတ်လည်မှာ  စက်ယန္တရားတွေအသုံးပြုပြီး ကတုတ်ကျင်းတွေတူးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မင်္ဂလာဒုံမြို့ခံတယောက်က “မြေသားကျင်းက တလိုင်း၊ အခု ကျောက်တွေထပ်ဖို့တာက တလိုင်း၊ အခုရက်ပိုင်းမှ ကားတွေပိုများလာတာ။ ဝေဘာဂီဘူတာအနောက်က ဝင်ပေါက်မှာလည်း စစ်ကားတွေ အဝင်အထွက်ရှိတယ်” လို့ ပြောပါတယ်။

အခု ဇန်နဝါရီလဆန်းမှာ ပိုလုပ်ဆောင်လာတာဖြစ်ပြီး ကြံခင်းစုရပ်ကွက်ဘက်ခြမ်းမှာ ၂၀၂၄ ခုနှစ်၊ ဇွန်လလောက်ကတည်းက မြေသားမြောင်းတွေတူး၊ ကျောက်သားစီနေသလို၊ အနန်းပင်ဘက်မှာတော့ ဒီဇင်ဘာလလောက်မှာ လုပ်ဆောင်နေတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အမှတ် ၅၀၂ လေတပ်စခန်းဟာ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ကပ်လျက်ရှိနေတာဖြစ်သလို လူနေရပ်ကွက်တွေဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်နဲ့ အနန်းပင်ရပ်ကွက်၊ မြောက်ဥက္ကလာမြို့နယ် ပုရွက်ဆိပ်ကုန်းရပ်ကွက်၊ ဝေဘာဂီ မြို့သစ်ရပ်ကွက်တို့နဲ့ ထိစပ်နေတာပါ။

၂၀၂၂ ခုနှစ်ကတည်းက  မင်္ဂလာဒုံ ၅၀၂ လေတပ်စခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေကို မှော်ဘီမြို့နယ်၊ ၅၀၁ လေတပ်စခန်းကို တပ်လုံးကျွတ်ပြောင်းရွှေ့တာတွေရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထဲမှာတော့ တပ်မိသားစုဝင်တွေက ၅၀၂ မင်္ဂလာဒုံလေတပ်စခန်းနဲ့နီးစပ်ရာတွေကို ပြောင်းရွှေ့မှုတွေ ပိုဖြစ်လာခဲ့ပါတယ်။

အာဏာစသိမ်းကတည်းက အရပ်သားတွေဝင်ထွက်ခွင့်ပိတ်ပင်ထားတဲ့ ၅၀၂ လေတပ်စခန်းဟာ ၂၀၂၃ ခုနှစ်ထဲမှာ လေတပ်ထဲကို ရှော့တိုက်ဒုံးတွေအပစ်ခံရချိန်မှာတော့ မင်္ဂလာဒုံ သုံးရာသီကနေ ‌ကြံခင်းကို သွားလာနိုင်တဲ့ လေဆိပ်ပတ်လမ်းကိုပါ ပိတ်ဆို့ထားခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013