Home
မြန်မာသတင်း
ထိုင်းကွန်ဒိုဝယ်ယူမှု မြန်မာက ရုရှားဝယ်လက်ကိုကျော်၊ တရုတ်နောက်ကလိုက်နေ
DVB
·
January 10, 2025
Photo-bangkokpost

ထိုင်းနိုင်ငံရဲ့ ကွန်ဒိုဝယ်ယူမှု အများဆုံး စာရင်းမှာ မြန်မာနိုင်ငံက ရုရှားဝယ်လက်တွေကို ကျော်တက်ပြီး တရုတ်နိုင်ငံရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နေတယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းအိမ်ခြံမြေလုပ်ငန်း Cushman & Wakefield Thailand ရဲ့ သုတေသနနဲ့ အကြံပေးအရာရှိ ဆူရာချက် ကွန်ချိကတော့ ပြီးခဲ့တဲ့ နှစ်ထဲ ထိုင်းကွန်ဒိုတိုက်ခန်းဝယ်ယူသူတွေကို မြန်မာစစ်အုပ်စုရဲ့ ဖြိုခွင်းမှုအပြီး ဧပြီလမှာ ခေတ္တရပ်နားပြီးနောက် မြန်မာဝယ်လက်တွေဆီ ရောင်းချမှု ပြန်လည်စတင်ခဲ့တယ်လို့ ပြောပါတယ်။

“မြန်မာဝယ်လက်တွေကို ထိုင်းကွန်ဒိုဝယ်ယူမှုအပေါ် ဖြိုခွင်းခံရမှုရဲ့ သက်ရောက်မှုက ယာယီဈေးကွက်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။” 

ထိုင်းကွန်ဒိုအရောင်းအဝယ်သမားတွေက စျေးကွက်ရှာဖွေဖို့၊ နောက်ဆက်တွဲနဲ့ စစ်မှန်တဲ့ ဝယ်လက်တွေဆီ တိုက်ရိုက်ရောက်ရှိဖို့ ပိုပြီးတော့ အဆင်ပြေတာကြောင့် မြန်မာနိုင်ငံသားတွေကို အိမ်ခြံမြေခရီးစဉ်အတွက် ထိုင်းနိုင်ငံကို ခေါ်ဆောင်လာဖို့ ပိုမိုနှစ်သက်ကြောင်းလည်း မစ္စတာ ဆူရာချက်က ဆိုပါတယ်။

ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းတွေကို မြန်မာနိုင်ငံက ၀ယ်ယူသူတွေဆီ လွှဲပြောင်းမှုဟာ ၂၀၂၄ ခုနှစ်မှာ စံချိန်သစ်တင်နိုင်ခဲ့ပြီး ပထမကိုးလတာကာလအတွင်း စုစုပေါင်းပမာဏ က ၂၀၂၃ ခုနှစ်ရဲ့ သတ်မှတ်စံချိန်ကို ကျော်လွန်သွားခဲ့ပြီလို့ ဆိုပါတယ်။

ထိုင်းအိမ်ခြံမြေ သတင်းအချက်အလကစင်တာ (REIC) ရဲ့ အဆိုအရ မြန်မာဝယ်လက်တွေရဲ့  ကွန်ဒိုတိုက်ခန်းဝယ်ယူမှုဟာ ပထမ ၉ လတာအတွင်း တန်ကြေး ၅ ဒသမ ၄၆ ဘီလီယံရှိတဲ့ အခန်းပေါင်း ၁,၀၅၀ အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ ကွန်ဒိုဝယ်ယူမှု အများဆုံးစာရင်းမှာ တရုတ်နိုင်ငံက ရပ်တည်နေပြီး သူ့ရဲ့နောက် မြန်မာ၊ ရုရှားနိုင်ငံတွေပြီးရင် ထိုင်ဝမ်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ ယူကေ၊ ဩစတြေးလျ နဲ့ အိန္ဒိယနိုင်ငံတို့က ထိပ်တန်း ၁၀ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024