Home
နိုင်ငံတကာ
အမေရိကန်ပြည်ထောင်စုကို နာမည်ပြောင်းသင့်ဟု ထရမ့်ပ်ကို မက္ကဆီကိုသမ္မတ တုံ့ပြန်
DVB
·
January 9, 2025
Photo-Reuters

ဒေါ်နယ်ထရမ့်ပ်က မက္ကဆီကို ပင်လယ်ကွေ့ကို နာမည်ပြောင်းမယ်လို့ ခြိမ်းခြောက်ခဲ့အပြီးမှာ မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘောင်းကလည်း သမိုင်းအစဉ်အလာအရ အမေရိကန်ပြည်ထောင်စုကို ‘မက္ကဆီကိုအမေရိက’ လို့ နာမည်ပြောင်းသင့်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ပ်က သူ့ မာအာလာဂို အပန်းဖြေစခန်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိက ပင်လယ်ကွေ့လို့ ပြောင်းဖို့ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရှိန်းဘောင်းက ၁၆၀၇ ခုနှစ်က မြေပုံတခုကို ထုတ်ပြခဲ့ပြီး အဲဒီမှာကတည်းက မက္ကဆီကို ပင်လယ်ကွေ့လို့ ခေါ်ဝေါ်ခဲ့တာဖြစ်သလို မြောက်အမေရိကတိုက်ကိုလည်း မက္ကဆီကန် အမေရိကလို့ ခေါ်ဝေါ်ခဲ့ကြောင်း ထောက်ပြခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ပြောင်းချင်းပြောင်းရင် မက္ကဆီကို ပင်လယ်ကွေ့ကို နာမည်မပြောင်းဘဲ အမေရိကန်ပြည်ထောင်စုကိုပဲ မက္ကဆီကန် အမေရိကလို့ နာမည်ပြောင်းသင့်ကြောင်း သမိုင်းနဲ့ချီပြီး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

မက္ကဆီကန်အမေရိက ဆိုတဲ့ နာမည်က ခေါ်လို့ကောင်းတယ် မဟုတ်လားလို့ပါ ရှိန်းဘောင်းက ခနဲ့ခဲ့ပါတယ်။

ဒါ့အပြင် ထရမ့်ပ်ပြောသလို မက္ကဆီကိုကို မူးယစ်ဂိုဏ်းတွေက ခြယ်လှယ်စီမံနေတယ်ဆိုတာ မဟုတ်ကြောင်း၊ ပြည်သူတွေကသာ အုပ်ချုပ်နေတာဖြစ်ကြောင်းပါ ရှိန်းဘောင်းက တုံ့ပြန်ခဲ့ပါတယ်။

ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ် တေလာဂရင်းဟာ ဒီလိုမြေပုံမှာ အမေရိကန်ပင်လယ်ကွေ့လို့ နာမည်ပြောင်းမယ့်ကိစ္စအတွက် ဥပဒေကြမ်းတရပ်ပါ အဆိုပြုထားပြီး ဖြစ်ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024