Home
နိုင်ငံတကာ
အမေရိကန်က ကနေဒါကို သိမ်းသွင်းမှု လုံးဝမဖြစ်နိုင်ဟု ဝန်ကြီးချုပ် ထရူးဒိုး ပြော
DVB
·
January 8, 2025
Photo : Reuters

စီးပွားရေးအင်အားသုံးပြီး အမေရိကန်နိုင်ငံထဲ ကနေဒါကို သိမ်းသွင်းမှုက လုံးဝမဖြစ်နိုင်ကြောင်း ကနေဒါဝန်ကြီးချုပ် ထရူးဒိုးက ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ခံသမ္မတ ထရမ့်ပ်က ကနေဒါနိုင်ငံကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်အဖြစ် ပြုလုပ်မယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ထပ်ခါထပ်ခါ ပြောဆိုခဲ့တာပါ။

“နယ်စပ်စည်းအတုကို ဖယ်ရှားရမှာပါ။ ဒါက နိုင်ငံရဲ့ လုံခြုံရေးအတွက် ပိုကောင်းမှာပါ” လို့ ထရမ့်ပ်က အင်္ဂါနေ့က ပြုလုပ်တဲ့ ဖလော်ရီဒါ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ထရမ့်ပ်က ကနေဒါရဲ့ ပို့ကုန်တွေကို အခွန်းတိုးမြှင့်မယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်ထားမှုက ကနေဒါအတွက် နိုင်ငံရေးအရ စိတ်ခေါ်မှုတခု ဖြစ်လာပါတယ်။

ထရူးဒိုးက တနင်္လာနေ့မှာ ရာထူးကနေ နုတ်ထွက်မှာဖြစ်ကြောင်း ကြေညာထားပြီး ခေါင်းဆောင်သစ် ရွေးချယ်ပြီးချိန် မတ်လကုန်လောက်အထိ ကနေဒါဝန်ကြီးချုပ်ရာထူးမှာ ဆက်ရှိနေမယ်လို့ ဆိုထားပါတယ်။

ကနေဒါကနေ အမေရိကန်ကို ကုန်ပို့ဆောင်မှုဟာ ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံနီးပါး ရှိတယ်လို့ ဖော်ပြပါတယ်။

ထရမ့်ပ်ကသာ အခွန်တိုးကောက်မှုနဲ့ ခြိမ်းခြောက်မယ်ဆိုရင် တန်ပြန်ပြီး အခွန်တိုးကောက်တဲ့ နည်းကို စဉ်းစားထားတယ်လို့ ထရူးဒိုး အစိုးရအဖွဲ့က ဆိုပါတယ်။

ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့ဟာ ထရမ့်ပ်အစိုးရ တက်လာမယ်ဆိုရင် ၂၅ ရာခိုင်နှုန်း  အခွန်တိုးမြှင့်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013