Home
မြန်မာသတင်း
ရန်ကုန်တွင် ဂျိုးဖြူရေ ပြတ်တောက်နေ
DVB
·
January 7, 2025
လူမှုကူညီရေးအသင်းများ ရေလှူ ၊Photo-Ethan Htun
ဒလမြို့နယ်က ပုံးများဖြင့် ရေတန်းစီ၊Photo-Ethan Htun
ရန်ကုန်စည်ပင် ပိုက်ပြင်၊Photo-Ethan Htun

ရန်ကုန်မြို့က မြို့နယ်တွေမှာ ရေအဓိကဖြန့်ဖြူးနေတဲ့ ဂျိုးဖြူရေပိုက်လုံးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က ပြုပြင်နေတာကြောင့် မြို့နယ်တွေမှာ ဇန်နဝါရီ ၇ ရက်က နာရီနဲ့ချီ ရေပြတ်‌တောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီပြုပြင်ရေးလုပ်ငန်းစဉ်ကို မနက်အစောပိုင်း ၂ နာရီကတည်းက စတင်လုပ်ဆောင်နေပြီး ဂျိုးဖြူရေပိုက်လုံးအတွင်းက ရေလက်ကျန်တွေ၊ ဂျွိုင်းဆက်တွေ ပြန်လည်ပြုပြင်သွားမယ်လို့ သိရပါတယ်။

ညနေပိုင်းမှာ ပုံမှန်အတိုင်း ရေဖြန့်ချိမှုတွေ လုပ်ဆောင်မှာလို့ ကြေညာထားပေမဲ့ လျှပ်စစ်မီး ပြတ်တောက်နေချိန်မှ ရေလွှတ်ပေးရင် ဘာမှအသုံးမဝင်ဘူးလို့ မြောက်ဒဂုံမြို့ခံတယောက်က ပြောပါတယ်။

“သူတို့ ရေပိုက်ပြင်လက်စနဲ့ တခါတည်း ရေအားကောင်းအောင်ပါ လုပ်သင့်တာ။ အခုဟာ ဂျိုးဖြူရေ မရဘူးလားဆိုရင် ရတယ်။ တကယ်က တစက်၊ နှစ်စက်နဲ့ ရေအားကို မကောင်းတာ။ မီးလာမှ မော်တာမောင်းပြီး ဆွဲတင်ရတာ။ ဒီတမနက်လုံး မီးလည်းမလာ၊ ရေလည်းမလာဘူး။”

ဒဂုံမြို့သစ် ၄ မြို့နယ်လို ‌ဂျိုးဖြူပင်မ သံပိုက်လုံးနဲ့ ဝေးနေတဲ့ မြို့နယ်တွေမှာ ရေအားနည်းတာ လက်ခံနိုင်ခြေရှိပေမဲ့ ပိုက်လုံးဖြတ်သန်းသွားတဲ့ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ ရန်ကင်း စတဲေမြို့နယ်တွေမှာပါ ရေဘားဖွင့်ရုံနဲ့ ရေသုံးလို့ မရတော့ဘူးလို့ မြောက်ဥက္ကလာ ၂ ရပ်ကွက်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

ရေပြတ်တောက်နေတဲ့ မြို့နယ်တွေ၊ ရပ်ကွက်တွေမှာ ရေပေပါ လက်တွန်းလှည်းတစီးကို ကျပ် ၄,၀၀၀ အထိ‌ ပေးဝယ်နေရပြီး လူမှုကူညီရေးအသင်းတွေက လိုက်လံလှူဒါန်းနေတဲ့ ဂါလံ ၁,၆၀၀ ဆံ့ ရေသယ်ယာဉ်တွေကတော့ တစီးကို မြန်မာကျပ်ငွေ ၁ သိန်းနီးပါးအထိ ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013