Home
မြန်မာသတင်း
ရွှေပြည်သာတွင် အခန်းပေါင်း ၄၀ မီးလောင်၊ အမျိုးသမီး ၁ ဦးသေဆုံး
DVB
·
January 7, 2025
Photo: ရွှေမေတ္တာ၊ we love care Burma

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်၊ ၅ ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းမှာ ဇန်နဝါရီ ၇ ရက် ဒီမနက် ၄ နာရီ မိနစ် ၅၀ လောက်က မီးလောင်ခဲ့ပြီး အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

မီးလောင်မှုကြောင့် အုတ်၊ သစ်သား တထပ်အဆောက်အဦ အဆောင် ၃ လုံးက အခန်းပေါင်း ၄၀ နဲ့ အိမ်တွင်းပစ္စည်းတွေ အကုန်လုံး ပျက်စီးသွားပါတယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “အဆောင် ၃ ခု၊ အခန်းပေါင်း ၄၀၊ သေဆုံးက အသက် ၃၅ အမျိုးသမီး၊ ခွေးတကောင်ပါ သေတယ်။ ဟင်းချက်ရင်း လောင်တာ” လို့ ပြောပါတယ်။

လျှပ်စစ်မီးလာတဲ့အချိန် ဒယ်နီအိုးနဲ့ ဟင်းချက်ရာက ဝါယာရှော့ဖြစ် လောင်ကျွမ်းခဲ့တာဖြစ်ပြီး အိပ်ပျော်နေတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတယောက်  မီးလောင်သေဆုံးသွားပါတယ်။

မီးလောင်မှုကို မီးသတ်နဲ့ အရပ်ဘက်အသင်းတို့က Level 1 မီးသတ်ယာဉ်အုပ်စုတွေနဲ့ ငြှိမ်းသတ်ခဲ့သလို ကယ်ဆယ်ရေးနဲ့ အရပ်သားတချို့ မီးဟပ်ဒဏ်ရာ‌တွေ ရရှိခဲ့ပါ‌သေးတယ်။

မီးလောင်မှုအပြီး ၁ နာရီခွဲလောက်အကြာမှ မီးငြိမ်းသွားပြီး သေဆုံးရုပ်အလောင်းကို လူမှုကူညီရေးယာဉ်နဲ့ ရွှေပြည်သာဆေးရုံ ပို့ဆောင်ပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013