
ဂွါတီမာလာနိုင်ငံက လုံခြုံရေးတပ်ဖွဲ့ဝင် နောက်ဆုံးအသုတ်ဟာ ဟေတီနိုင်ငံထဲက နိုင်ငံစုံ လုံခြုံရေးဆိုင်ရာ ပံ့ပိုးကူညီမှုစစ်ဆင်ရေးကို အားဖြည့်ဖို့ ဇန်နဝါရီ ၄ ရက်က ဟေတီနိုင်ငံကို ရောက်လာပါတယ်။
ဇန်နဝါရီ ၃ ရက်က ရဲတပ်သား ၇၅ ယောက် ရောက်ရှိလာပြီး ဂွါတီမာလာအစိုးရက ကတိပြုထားတဲ့အရေအတွက် အယောက် ၁၅၀ ထိ ရောက်လာတာပါ။
တကိုယ်ရေအသုံးအဆောင်တွေနဲ့အတူ အရေအတွက် သတ်မှတ်မထားတဲ့ ကုလလက်အောက်ခံ နိုင်ငံစုံတပ်ပေါင်းစုဆီ ပေးပို့ထားတဲ့စာအတွင်း ကနဦး ကတိပေးအပြီး ၃ လအကြာမှာ ခုလို စေလွှတ်တာလည်း ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးကို ဦးဆောင်တဲ့ ကင်ညာနိုင်ငံက ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းမှာ ကတိပြုထားတဲ့ ရဲတပ်ဖွဲ့ဝင် အယောက် ၁,၀၀၀ ထက် လျော့နည်းပြီး ရဲတပ်ဖွဲ့ဝင် ၄၀၀ နီးပါး စေလွှတ်ခဲ့တာပါ။
ဂျမေကာနိုင်ငံက အမှုထမ်း ၂၄ ယောက်နဲ့ ဘေလိုက်ဇ်နိုင်ငံက အကြီးတန်း အရာရှိ ၂ ယောက်တို့လည်း စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
ဩဂုတ်လမှာတော့ အယ်လ်ဆာဗေဒိုနိုင်ငံက ပူးပေါင်းဖို့ ကတိပြုခဲ့ပြီး ဆေးဘက်ဆိုင်ရာ ရွှေ့ပြောင်းရေးလုပ်ငန်းတွေလုပ်ဖို့ တပ်ဖွဲ့ဝင် ၇၈ ယောက်၊ ရဟတ်ယာဉ် ၃ စင်း နဲ့ စစ်သား ၈ ယောက်တို့ကို ဇန်န၀ါရီ ၃ ရက်မှာ စေလွှတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီစစ်ဆင်ရေးဟာ ဒီဇင်ဘာလထဲမှာ အကြမ်းဖက်မှုတွေ တိုးလာတာ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အတော်များများနဲ့ နယ်ပယ်သစ်သိမ်းပိုက်တာတွေကနေ ဂိုဏ်းတွေကို မဟန့်တားနိုင်သေးဘဲ ၂၀၂၄ ခုနှစ်အတွင်း လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
နိုင်ငံပေါင်း ၁၀ နိုင်ငံက တပ်ဖွဲ့ဝင်ပေါင်း ၃၁,၀၀ ကျော်ကို ဟေတီနိုင်ငံဆီ စေလွှတ်ဖို့ ကတိပြုထားပေမယ့် လက်ရှိမှာတော့ လူနည်းနည်းပဲ ရောက်ရှိလာပါသေးတယ်။
ဟေတီအမျိုးသားရဲတပ်ဖွဲ့ဟာ မကြာသေးမီနှစ်တွေအတွင်း အရာရှိ အယောက်ထောင်ချီကို တာဝန်ကနေအနားပေးခဲ့တာပါ။
Source: Reuters