
ဟေတီနိုင်ငံမြောက်ပိုင်း ပို့ဒူပဲမြို့မှာ ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူ ၇ ယောက် သေဆုံးခဲ့ကြောင်း ဟေတီရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မြို့တော်အလယ်ပိုင်းမှာ အိမ်ခြေ ၅၀၀ နီးပါး ပျက်စီးခဲ့ပြီး အဆောက်အဦ ၁၁၀၀၀ လောက် ရေမြုပ်ခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒေသတွင်း ကြက်ခြေနီညှိနှိုင်းရေးမှူး ဂါးဘတ်ဟမ်းဘဲက ဒါဟာ ဒီဒေသမှာ သူတွေ့ဖူးသမျှထဲ အဆိုးဆုံး အခြေအနေဖြစ်ပြီး ကြက်ခြေနီ တာဝန်ထမ်းဆောင်နေချိန် တလျှောက်လုံးမှာ ဒီလို အတိုင်းအတာနဲ့ အဖြစ်အပျက်မျိုး မတွေ့ဖူးဘူးလို့ ပြောပါတယ်။
လမ်းမပေါ်ရှိ ရွှံ့နွံတွေကို ဖယ်ရှားဖို့ ရဲတပ်ဖွဲ့ဝင်တွေကို ဖြန့်ကြက်ထားပြီး သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်ဖို့အတွက် စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအဖွဲ့တွေကို စုစည်းထားကြောင်းလည်း ဆိုပါတယ်။
Source: Reuters