အမေရိကန်နိုင်ငံက ပြည်နှင်ဒဏ်ပေးထားတဲ့ ရွှေ့ပြောင်းအခြေချသူ ရာနဲ့ချီပြီး ဂွါတီမာလာကို ပြန်ရောက်လာပါတယ်။
၂၀၂၄ ခုနှစ်အတွက် အမေရိကန်ရဲ့ ပြည်နှင်ဒဏ်ပေးသူတွေကို လေကြောင်းလိုင်း ၅ ခုနဲ့ နေရပ်ကို ပြန်လည်ပို့ဆောင်ခဲ့တာလို့ အာဏာပိုင်တွေက ဆိုပါတယ်။
ပြည်နှင်ဒဏ်ပေးခံရသူအများစုဟာ အမေရိကန်ကို တရားမဝင် ဝင်ရောက်ခဲ့သူတွေဖြစ်ပြီး နေရပ်ပြန်ပို့ခံခဲ့ရတာပါ။
ပြည်နှင်ဒဏ်ပေးခံထားရသူ အများစုဟာ ဂွါတီမာလာနိုင်ငံကဖြစ်ပြီး တက္ကဆက်ပြည်နယ် အယ်ပါဆိုကနေ ပြန်လည်ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒီရွှေ့ပြောင်းအခြေချသူတွေဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ အမေရိကန်ကိုရောက်ရှိလာတာဖြစ်ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ပြန်ပို့ခံရတာ ဖြစ်ပါတယ်။
ဂွါတီမာလာနိုင်ငံသား ၇၀,၅၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးဖို့ စာရင်းပြုလုပ်ထားတာဖြစ်ပြီး နေရပ်ကို ပြန်လည်ပို့ဆောင်ခဲ့တာပါ။
“ကျနော်တို့ ကြိုးစားခဲ့တာတွေက အခုအချိန်မှာ ခက်ခဲသွားပြီလို့ နားလည်ထားပါတယ်။ ဒေါ်နယ်ထရမ့်ပ် လက်အောက်မှာ အမေရိကန်နိုင်ငံကို သွားဖို့ ပိုပြီး ခက်ခဲသွားပါပြီ” လို့ အသက် ၁၉ နှစ်အရွယ် ရွှေ့ပြောင်းအခြေချသူ ဂျွန်နသန်က ပြောပါတယ်။
ရိုက်တာရဲ့ဖော်ပြချက်အရ ဂွါတီမာလာဟာ သူ့နိုင်ငံသားတွေအပြင် အမေရိကအလယ်ပိုင်း နိုင်ငံတွေက ရွှေ့ပြောင်းအခြေချသူတွေကိုလည်း လက်ခံမယ်လို့ သိရပါတယ်။
အမေရိကန်ကို တရားမဝင် ဝင်ရောက်ပြီး ရွှေ့ပြောင်းအခြေချသူတွေကို နေရပ်ပြန်ပို့တာက ဂွါတီမာလာသမ္မတ ဘာနာဒိုအေရီဗာလိုနဲ့ အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ရဲ့ ဆက်ဆံရေး ချောမွေ့မှုတခုလို့လည်း ဆိုပါတယ်။
Source: Reuters