Home
နိုင်ငံတကာ
TikTok ပိတ်မည့် ဥပဒေ ရပ်ဆိုင်းရန် တရားရုံးကို ဒေါ်နယ်ထရမ့်ပ် တိုက်တွန်း 
DVB
·
December 28, 2024
Photo: REUTERS/Mike Blake

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ဆိုရှယ်မီဒီယာ TikTok ကို ပိတ်ပင်ဖို့ ဒါမှမဟုတ် ရောင်းချခိုင်းတဲ့ ဥပဒေအကောင်အထည်ဖော်မှုကို ရပ်ဆိုင်းဖို့ သောကြာနေ့က တိုက်တွန်းခဲ့ပါတယ်။ 

အမေရိကန်တရားရုံးချုပ်ကို တိုက်တွန်းခဲ့တာဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ သူ တာဝန်ထမ်းဆောင်ပြီးမှပဲ နိုင်ငံရေးဆိုင်ရာ ဖြေရှင်းချက်တခုအဖြစ် အချိန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။ 

တရားရုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၁၀ ရက်နေ့မှာ ဆွေးနွေးမှုကို ကြားနာမှာ ဖြစ်ပါတယ်။ 

ဒီဥပဒေအရ TikTok ပိုင်ရှင် ByteDance ဟာ အမေရိကန်ကုမ္ပဏီကို ရောင်းတာ ဒါမှမဟုတ် သုံးစွဲခွင့် ပိတ်ပင်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ 

ByteDance က app ကို ဇန်နဝါရီ ၁၉ ရက်နေ့အထိ မရောင်းရင်  TikTok ကို ပိတ်ပင်ဖို့ အမေရိကန် အထက်လွှတ်တော်က ဧပြီလမှာ မဲပေးခဲ့ဖူးပါတယ်။ 

အမေရိကန်မှာ TikTok သုံးစွဲသူ သန်း ၁၇၀ ကျော်ရှိပြီး ByteDance က ဒီဥပဒေကို ပျယ်ဖျက်ဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။ 

ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုမဖြစ်ပေါ်တာနဲ့ တရားရုံးက အမိန့်မချဘူးဆိုရင် ဒီ app ကို အမေရိကန်နိုင်ငံမှာ ဇန်နဝါရီ ၁၉ ရက်နေ့ကစတင်ပြီး ပိတ်ပင်မှာဖြစ်ပါတယ်။ 

အဲ့ဒီနေ့ဟာ ဒေါ်နယ်ထရမ့်ပ် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်မယ့် ရက်မတိုင်မီ ၁ ရက်အလိုလည်း ဖြစ်ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013