Home
နိုင်ငံတကာ
WHO မှ အမေရိကန် ချက်ချင်းနုတ်ထွက်ရန် ထရမ့်ပ် စီစဉ်
DVB
·
December 24, 2024
Photo : WHO / REUTERS / U.S. NETWORK POOL

ဒေါ်နယ်ထရမ့်ပ် အမေရိကန်သမ္မတ ဒုတိယသက်တမ်း ပထမရက်မှာတင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ အမေရိကန် ချက်ချင်းနုတ်ထွက်ဖို့ မူဘောင်ကို သမ္မတတာဝန် လွှဲပြောင်းရေးအဖွဲ့က စီစဉ်နေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဒီဆွေးနွေးမှုအကြောင်း သိရှိထားတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နိုင်ငံရေးရာနဲ့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ဥပဒေ ပူးပေါင်းဆောင်ရွက်ရေးစင်တာ ညွှန်ကြားရေးမှူး၊ ဝါရှင်တန် ဂျော့ချ်တောင်းတက္ကသိုလ် ကမ္ဘာ့ကျန်းမာရေးပါမောက္ခ လောရင့်စ် ဂေါ့စတင်းက ဒီကိစ္စကို အတည်ပြုပါတယ်။

ပထမဆုံးနေ့ ဒါမှမဟုတ် သူ့အစိုးရသက်တမ်း အလွန်စောတဲ့ကာလမှာတင် နုတ်ထွက်ဖို့ စီစဉ်နေတယ်ဆိုတာ ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်လို့ ဂေါ့စတင်းက ဆိုပါတယ်။

ဒီအစီအစဉ်ကို Financial Times သတင်းစာက အရင်ဆုံး ဖော်ပြခဲ့တာဖြစ်ပြီး ကျွမ်းကျင်သူ ၂ ယောက်ကို ကိုးကားခဲ့တာဖြစ်ပါတယ်။

နောက်တယောက်က အိမ်ဖြူတော်က ကိုဗစ်-၁၉ တုံ့ပြန်ရေး ညှိနှိုင်းရေးမှူး အာရှီ ဂျား ဖြစ်ပြီး ရိုက်တာရဲ့ ထပ်မံမေးမြန်းမှုကိုတော့ တုံ့ပြန်ထားတာ မရှိပါဘူး။

ကိုဗစ်-၁၉ အစောပိုင်းပျံ့နှံ့မှုအတွက် တရုတ်က တာဝန်ယူမှု တာဝန်ခံမှု ရှိအောင် WHO က မလုပ်ပေးနိုင်ဘူးလို့ ထရမ့်ပ်က ဝေဖန်ခဲ့ဖူးပါတယ်။

ဒါ့အပြင် WHO ဟာ တရုတ် ရုပ်သေးရုပ် ဖြစ်လာပြီး အမေရိကန်က အဲဒီအတွက် ထည့်ဝင်မယ့်အစား ပြည်တွင်းကျန်းမာရေးအစီအစဉ်တွေအတွက် သုံးစွဲမယ်လို့လည်း ပြောထားခဲ့ဖူးပါတယ််

အမေရိကန်သာ WHO က နုတ်ထွက်သွားရင် ကမ္ဘာ့ရောဂါထောက်လှမ်းရေးနဲ့ အရေးပေါ်တုံ့ပြန်မှု စနစ်ကြီးတခုလုံး ထိခိုက်နိုင်တယ်လို့ တရုတ်က သတိပေးထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013