ဗင်နီဇွဲလား သမ္မတလောင်း ကိုယ်စားလှယ်ဟောင်း အဒ်မွန်ဒို ဂွန်ဇာလေ့ဇ်ဟာ ဒီသီတင်းပတ် ပိတ်ရက်မှာ အာဂျင်တီးနားကို ခရီးထွက်ဖို့ ပြင်ဆင်နေချိန်မှာပဲ သူ့ကို ဖမ်းဆီးဖို့ ဆုငွေ ဒေါ်လာ ၁ သိန်း ထုတ်ခံထားရပါတယ်။
ဗင်နီဇွဲလားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးဌာနက သူ့ကို ပူးပေါင်းကြံစည်မှု ဆိုပြီး စွပ်စွဲထားတဲ့ ဝဲ့ရမ်းကို ဆိုင်းငံ့ထားကြောင်း ဇန်နဝါရီ ၂ ရက်မှာ ကြေညာထားတာပါ။
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် အဒ်မွန်ဒို ဂွန်ဇာလေ့ဇ်ဟာ ဇူလိုင်လက သမ္မတ ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပေမဲ့ ဖမ်းဝရမ်း ထုတ်ခံရပြီးနောက် စပိန်နိုင်ငံမှာ နေထိုင်နေတာ ဖြစ်ပေမဲ့ သူဟာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့အတွက် ဗင်နီဇွဲလားကို ပြန်သွားဖို့ စီစဉ်ထားကြောင်း ပြောဆိုထားပါတယ်။
ဒီတပတ်မှာ အာဂျင်တီးနားကို ခရီးထွက်မယ်လို့ ဂွန်ဇာလေ့ဇ်က ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။ သမ္မတ နိကိုလပ်စ်မာဒူရိုဟာ သူ့ရဲ့ တတိယသက်တမ်းအတွက် ကျမ်းသစ္စာကျိန်ဆိုဖို့ စီစဉ်ထားတဲ့ ဇန်နဝါရီ ၁၀ ရက်မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ သူ့ရဲ့ နိုင်ငံတကာခရီးစဉ်ပေါ်လာတာပါ။
ရွေးကောက်ပွဲ အာဏာပိုင်တွေနဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ တရားရုံးချုပ်တို့က ဇူလိုင်လမှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မာဒူရို အနိုင်ရခဲ့ကြောင်း ပြောကြားခဲ့ပေမဲ့ မဲအရေအတွက် အပြည့်အစုံကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ဗင်နီဇွဲလားအစိုးရ အတိုက်အခံတွေ၊ အနောက်နိုင်ငံအများအပြားနဲ့ နိုင်ငံတကာအဖွဲ့အစည်း တချို့က ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ရှုတ်ချကြပြီး မဲရလဒ်တွေကို အပြည့်အ၀ ထုတ်ပြန်ပေးဖို့လည်း တောင်းဆိုခဲ့ကြပြီးတော့ တချို့ကလည်း ဒီလုပ်ငန်းစဉ်ကို မသမာမှုတွေလို့ ပြောင်ပြောင်တင်းတင်း ဝေဖန်ခဲ့ကြပါတယ်။
Source : Reuters