Home
အားကစား
ချန်ပီယံလိဂ် ဗိုလ်စွဲသည့်အသင်း ဆုကြေးပေါင်သန်း ၁၀၀ အထိ စံချိန်တင် ရရှိမည်
DVB
·
February 15, 2024

အခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်းဟာ ဆုကြေး ပေါင်သန်း ၁၀၀ အထိ စံချိန် တင်ရရှိတော့မှာ ဖြစ်ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ အခုနှစ်ပြိုင်ပွဲအတွက် ထောက်ပံ့ကြေးတွေကို ပွဲစဉ်တွေအလိုက် တိုးမြှင့်ပေးခဲ့ပြီး ချန်ပီယံဖြစ်တဲ့အသင်းက ပေါင်သန်း ၁၀၀ အထိ စံချိန်တင်ဆုကြေးရရှိမှာပါ။

မနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့မန်စီးတီးက  ဆုကြေး စုစုပေါင်း ပေါင် ၈၅ သန်းရရှိခဲ့ပြီး အခုနှစ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်မယ့်အသင်းက ပေါင်သန်း ၁၀၀ အထိ ဆုကြေးရရှိနိုင်တာပါ။

UEFA ဟာ အုပ်စုအဆင့်ကစားတာနဲ့  အသင်းတသင်းကို ပေါင် ၁၃ ဒသမ ၃သန်း ဆုကြေးပေးပြီး အုပ်စု ပွဲစဉ်တွေမှာ နိုင်ပွဲရတဲ့ဆုကြေးအဖြစ် ပေါင် ၁၄ ဒသမ ၃သန်း ဆုကြေးပေးပါတယ်။

၁၆ သင်း အဆင့်တက်မယ် ဆိုရင် ပေါင်  ၈ ဒသမ ၂ သန်း ဆုကြေးရရှိပြီး ကွာတားဖိုင်နယ်တက်ရင် ပေါင် ၉ သန်းရပါတယ်။

ဆီမီးဖိုင်နယ် ရောက်ရင် ပေါင် ၁၀ ဒသမ ၇ သန်း၊ ဗိုလ်လုပွဲတက်ရင် ပေါင် ၁၃ ဒသမ ၂ သန်းနဲ့ ချန်ပီယံဖြစ်ရင် ပေါင် ၃ ဒသမ ၈ သန်းရရှိ တာပါ။

စူပါဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ရင် ပေါင် ၃ ဒသမ ၈သန်း ထပ်ရပြီး လိဂ်အဆင့်အလိုက် ရရှိတဲ့ ပမာဏက ပေါင် ၂၈ ဒသမ ၁သန်းရှိပြီး စုစုပေါင်း ပေါင် ၁၀၄ ဒသမ ၄ သန်း ခန့်ရရှိနိုင်တာ ဖြစ်ပါတယ်။

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024