ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ပူးတွဲအိမ်ရှင် သြစတြေးလျအသင်းကို အနိုင်ရခဲ့တဲ့ နိုင်ဂျီးရီးယားအသင်းကို ဆုကြေးပေးဖို့ အင်္ဂလန်တိုက်စစ်မှူးဟောင်း အီယန်ရိုက်က တိုက်တွန်းသွားပါတယ်။
ကမ္ဘာ့အဆင့် ၄၀ မှာရှိတဲ့ နိုင်ဂျီးရီးယားအသင်းဟာ ကမ္ဘာ့အဆင့် ၁၀က အိမ်ရှင်သြစတြေးလျ အသင်းကို အုပ်စုပွဲစဉ်မှာ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူခဲ့တာပါ။
နိုင်ဂျီးရီးယားအမျိုးသမီးအသင်းဟာ ပြိုင်ပွဲမဝင်ခင်ကတည်းက လုပ်ခမရမှုတွေ၊ ခရီးသွားလာရေးစီစဉ်မှု အားနည်းချက်တွေနဲ့ ပြိုင်ပွဲအကြို လေ့ကျင့်ရေးဖျက်သိမ်းခံရမှုတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ နည်းပြဖြစ်သူ ရမ်ဒီကိုယ်တိုင် ဝေဖန်ခဲ့ပါသေးတယ်။
နိုင်ဂျီးရီးယားအသင်းဟာ အဖွင့်ပွဲစဉ်မှာလည်း ကမ္ဘာ့အဆင့် ၇ ကနေဒါကို သရေကစားနိုင်ခဲ့ပြီး ၂ ပွဲကစား ရမှတ် ၄ မှတ်နဲ့ အုပ်စုကို ဦးဆောင်ထားပါတယ်။
ဒီလိုစွမ်းဆောင်ရည်ကောင်းပြသ နေတဲ့ နိုင်ဂျီးယားအမျိုးသမီးအသင်းကို ဆုကြေးတွေ ပေးသင့်ကြောင်း အင်္ဂလန်နဲ့ အာဆင်နယ်တိုက် စစ်မှူးဟောင်း အီယန်ရိုက်က တိုက်တွန်းခဲ့တာပါ။
ကမ္ဘာ့ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် ၃ ပွဲ ကစားတဲ့အသင်းက ကစားသမားတွေကို ပေါင် ၁၅၇၆၀ ဖီဖာက ဆုကြေးပေးပါတယ်။
ဒါပေမဲ့ အဲဒီဆုကြေးတွေကို နိုင်ဂျီးရီးယားဘောလုံးအဖွဲ့ချုပ်က ကစားသမားတွေကို မပေးဘဲ ထိန်း ချုပ်ထားတယ်လို့သိရပါတယ်။