Home
မြန်မာသတင်း
ဗဟိုဘဏ်က ဒေါ်လာ ၂၅ သန်းနှင့် ဘတ်  ၂ သန်းခွဲနီးပါး ထပ်မံ ထုတ်ရောင်း
DVB
·
January 4, 2025

စစ်ကောင်စီ ဗဟိုဘဏ်က ၂၀၂၅ နှစ်ဆန်း ဇန်နဝါရီလမှာ  ပထမအကြိမ် အနေနဲ့ အမေရိကန်ဒေါ်လာ ၂၅ သန်းနဲ့ ထိုင်းဘတ် ၂ ဒသမ ၄သန်းကျော် ထုတ်ရောင်းခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂ ရက်မှာ တစ်ဒေါ်လာကို ၃၅၈၈ ကျပ်နှုန်းနဲ့  အမေရိကန်ဒေါ်လာ ၂၅ သန်း၊ ထိုင်းဘတ်ငွေက ငွေလဲနှုန်းက ၁၂၉ ဒသမ ၉၀ ကျပ်နှုန်းနဲ့ ၂သန်းခွဲ ဝန်းကျင်ထပ်မံ ထုတ်ရောင်းချခဲ့တာလို့ ဗဟိုဘဏ်က ထုတ်ပြန်တဲ့ စာရင်း‌အရ သိရပါတယ်။

ပြင်ပဈေးကွက်မှာတော့ အမေရိကန် တဒေါ်လာ ၄၃၆၀-၄၄၃၀  ကျပ် ဝန်းကျင် ပေါက်ဈေးရှိနေပါတယ်။ ဒါကြောင့် ပြင်ပပေါက်ဈေးနဲ့ ဗဟိုဘဏ်ပေါက်ဈေးကွာဟချက်ဟာ တဒေါ်လာကို ကျပ် ၈၀၀ ဝန်းကျင်သာ ရှိပါတော့တယ်။

နိုင်ငံခြားငွေနဲ့ လုပ်ငန်း လုပ်ကိုင်သူတယောက်က "ဒေါ်လာဈေးက တောက်လျှောက်  ပြန်ဆင်းနေတာ တစ်ဒေါ်လာကို ကျပ် ၄၄၃၀ ဝန်းကျင်ပဲရှိတော့တယ်။ ပြီးခဲ့တဲ့ ဩဂုတ်လက ဈေးနဲ့ယှဉ်ရင် ထက်ဝက် နီးပါးလောက် ပြန်ကျလာတာ။ ဒါပေမဲ့ကုန်ဈေးနှုန်းတွေက ပြန်မကျဘူး" လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ် နှစ်ဆန်းကစလို့ စစ်ကောင်စီဟာ ပို့ကုန် သွင်းကုန်‌တွေ အပေါ် အခွန်ကောက်ခံရာမှာ အခွန်တွေကို အ‌ရင်ကလို တဒေါ်လာ ၂၁၀၀ ကျပ် နှုန်းနဲ့ တွက်ချက် ကောက်ခံခြင်း မပြုတော့ဘဲ ဈေးကွက်ပေါက်ဈေး ( ဗဟိုဘဏ်ရဲ့ အွန်လိုင်းပလက်ဖောင်း ဈေးနှုန်း)ဖြစ်တဲ့ ၃၅၀၀ ကျပ် ဝန်းကျင်နှုန်းနဲ့ တွက်ချက် ကောက်ခံနေပါတယ်။

တဖက်မှာတာ့ စစ်ကောင်စီဟာ ပို့ကုန် လုပ်ငန်းရှင်တွေရဲ့ ပို့ကုန်ရငွေအနက် ၂၅ ရာခိုင်နှုန်းကို တဒေါ်လာ ၂၁၀၀ ကျပ်နဲ့ မဖြစ်မနေ လဲလှယ်ခိုင်းဆဲဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013