Home
မြန်မာသတင်း
ဗဟိုဘဏ်က ဒေါ်လာသန်း ၃၀ ထပ်ရောင်းသော်လည်း ဒေါ်လာဈေး တက်ရိပ်ပြ
DVB
·
December 20, 2024

စစ်ကောင်စီ ဗဟိုဘဏ်က ဒီဇင်ဘာ ၁၈ ရက်မှာ ဒေါ်လာသန်း ၃၀ ထပ်ထုတ်ရောင်း‌ပေမဲ့ ပြင်ပဒေါ်လာဈေး အနည်းငယ်ပြန်တက်လာတယ်လို့ နိုင်ငံခြားငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

အခု ဒီဇင်ဘာ ၁၆ ရက်အထိ နိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာ ၁၀၉ သန်းကျော် ရောင်းချပြီးခဲ့တဲ့နောက် ဒီဇင်ဘာ ၁၈ ရက်မှာလည်း နောက်ထပ် ဒေါ်လာ သန်း ၃၀ ကို ထုတ်ရောင်းပေးခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လပိုင်းမှာ ပြင်ပဒေါ်လာဈေး ကျပ် ၇,၀၀၀ ကျော်အထိ ခုန်တက်ခဲ့ပြီးနောက် ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်ထဲကို ဒေါ်လာသန်းနဲ့ချီ ဆက်တိုက် ရောင်းထုတ်ပေးလာတဲ့အတွက် ဒေါ်လာဈေးလည်း ပြန်ကျလာပါတယ်။

ဒီဇင်ဘာ ၁၈ ရက်က ပြင်ပငွေကြေးဈေးကွက်မှာ အမေရိဒေါ်လာဈေးက ၄,၃၉၀-၄,၄၉၀ ကြား အရောင်းအဝယ်ရှိနေပြီး ဈေးအနည်းငယ်ပြန်တက်လာတယ်လို့ နိုင်ငံခြားငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

ဒီမတိုင်ခင် ဒီဇင်ဘာ ၁၇ ရက်က အမေရိကန် တဒေါ်လာကို ၄,၃၀၀-၄,၄၃၀ ကြား အရောင်းအဝယ် ရှိနေရာကနေ အနည်းငယ် ပြန်တက်ရိပ်ပြလာတာပါ။

ဗဟိုဘဏ်က ဒေါ်လာအပြင် ထိုင်းဘတ်နဲ့ တရုတ်ယွမ်တွေကိုလည်း သန်းနဲ့ချီ အလုံးအရင်းနဲ့ ရောင်းချနေပြီး ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ထိုင်းဘတ်က ၁၂၇-၁၃၀ ကျပ်ဝန်းကျင်၊ တရုတ်ယွမ်ငွေက ၆၀၂-၆၁၈ ကျပ်ဝန်းကျင် ဈေးပေါက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013