စစ်ကောင်စီ ဗဟိုဘဏ်က ငွေလဲနှုန်း တဒေါ်လာကို ၃၅၈၆ ကျပ်နှုန်းနဲ့ အမေရိကန် ဒေါ်လာ ၂၈ သန်းကျော်ကို ဒီဇင်ဘာ ၁၂ ရက်က ထပ်မံ ထုတ်ရောင်းခဲ့ပါတယ်။
ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးစျေးကွက်မှာ သွင်းကုန်လုပ်ငန်းရှင်တွေကို ဒေါ်လာ ၃၅ သန်း ရောင်းချပေးမယ်လို့ ဒီဇင်ဘာ ၁၀ ရက်မှ ထုတ်ပြန်အပြီး ၁၂ရက်နေ့မှာ ထုတ်ရောင်းပေးခဲ့တာပါ။
နိုင်ငံခြားငွေဈေးကို ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဟာ သီတင်း ၂ ပတ်အတွင်း ဒေါ်လာ သန်း ၈၀ ကျော် ထုတ်ရောင်းထားပြီး ဖြစ်ပါတယ်။
ဗဟိုဘဏ်က ထုတ်ပြန်တဲ့စာရင်းတွေအရ တဒေါ်လာကို ၃၅၈၅ ကျပ်နှုန်းနဲ့ ဒီဇင်ဘာ ၂ ရက်မှာ အမေရိကန်ဒေါ်လာ ၃၈ သန်း၊ ဒီဇင်ဘာ ၆ ရက်မှာ ၁၅ သန်းထုတ်ရောင်းခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်မှာ ငွေလဲနှုန်း တဒေါ်လာကို ၃၅၈၆ ကျပ်နှုန်းနဲ့ ဒေါ်လာ ၂၈ သန်းကျော် ထပ်မံ ထုတ်ရောင်းချခဲ့တာပါ။
ပြင်ပဈေးကွက်မှာတော့ တဒေါ်လာ ၄၃၅၀-၄၄၅၀ ကျပ် ဝန်းကျင် ပေါက်ဈေးရှိနေပါတယ်။ ဒါကြောင့် ပြင်ပပေါက်ဈေးနဲ့ ဗဟိုဘဏ်ပေါက်ဈေး ကွာဟချက်ဟာ တဒေါ်လာ ကျပ် ၁၀၀၀ အောက် ကျလာပါတယ်။