၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်စွဲဖြင့် DVB သတင်းဌာနက ထုတ်ပြန်ခဲ့သည့် “တိုက်ပွဲကျ ဗိုလ်မှူးမိန်းမဖွင့်လှစ်သည့် မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်ကို စစ်တပ်ဖျက်ဆီး” သတင်းတွင် ဖော်ပြထားသည့် သတင်းအချက်လက်များ မှားယွင်းမှုအတွက် အမှားပြင်ဆင် တောင်းပန်အပ်ပါသည်။
ဖော်ပြပါသတင်းတွင် ဆိုင်ရှင် ဒေါ်အေးအေးခိုင်၏ ခင်ပွန်းအား တိုက်ပွဲကျ DSA ကျောင်းဆင်း ‘ဗိုလ်မှူးကောင်းမြတ်စိုး’ ဟု DVB က မှားယွင်းဖော်ပြမိပါသည်။
မုဆိုးမတို့ရွာ မုန့်ဟင်းခါးဆိုင်ကို ဦးဆောင်ဖွင့်လှစ်သူ ဒေါ်အေးအေးခိုင်၏ ခင်ပွန်းဖြစ်သူသည် စစ်တပ်နှင့် ပတ်သက်ခြင်းမရှိသည့် အရပ်သားတဦးသာ ဖြစ်ကြောင်း သိရှိရပါသည်။
သို့ပါ၍ အချက်အလက်မှားယွင်းမှုကြောင့် ထိခိုက်နစ်နာခဲ့သည့် ဆိုင်ရှင် ဒေါ်အေးအေးခိုင်နှင့် မိသားစု အပါအဝင် သက်ဆိုင်သူများအားလုံးနှင့် ပရိသတ်များကို DVB အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်။ မှားယွင်းဖော်ပြမိခဲ့သည့် သတင်းအားလည်း ဖြုတ်ချပြီး ဖြစ်ပါသည်။