ပြီးခဲ့တဲ့လက တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးကို စွပ်စွဲပြစ်တင်ပြီးတဲ့နောက် တရားစီရင်တာ မခံရခင် တရားသူကြီးအသစ် ၂ ယောက်အတွက် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တောင်ကိုရီးယား ဖွဲ့စည်းပုံဆိုင်ရာ တရားရုံးက ဇန်နဝါရီ ၂ ရက်မှာ ကျင်းပခဲ့ပါတယ်။
တရားသူကြီး ချိုဟန်ချန်းနဲ့ ချောင်ဂေးဆန်းတို့ကို ယာယီသမ္မတ ချွဲဆန်းမော့က ဒီဇင်ဘာ ၃၁ ရက်မှာ ခန့်အပ်ခဲ့တာပါ။
ဇန်နဝါရီ ၂ ရက်နေ့ သူတို့ ကျမ်းသစ္စာကျိန်ဆိုပြီးရင် သမ္မတဟောင်းကို ရုံးတင်စစ်ဆေးမယ့် အဖွဲ့မှာ တရားသူကြီး ၈ ယောက်အထိ ရှိလာမှာ ဖြစ်ပါတယ်။
ယွန်းကို စွပ်စွဲပြစ်တင်ပြီးတဲ့နောက် သမ္မတဟောင်း ယွန်းနဲ့ ဝန်ကြီးချုပ်ဟောင်း ဟန်ဒက်ဆိုးတို့ ၂ ယောက်စလုံးရဲ့ ကံကြမ္မာကို တရားရုံးက ဆုံးဖြတ်ဖို့ ပထမဆုံး ယာယီသမ္မတက စီစဉ်ထားပါတယ်။
ယွန်းနဲ့ ဟန် တို့ကို ရာထူးကနေ ဖယ်ရှားမလား၊ အာဏာပြန်ပေးမလား ဆိုတဲ့အပေါ် အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စွပ်စွဲပြစ်တင်ခံရတဲ့ သမ္မတ တယောက်ကို ဖြုတ်ချရေးအတွက် တရားသူကြီး ၉ ယောက်ထဲက ၆ ယောက် သဘောတူဖို့ လိုအပ်ပါတယ်။
Source : Reuters