Home
နိုင်ငံတကာ
တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကို ဖမ်းဝရမ်းထုတ်
DVB
·
December 31, 2024
Photo : Reuters

တောင်ကိုရီးယားနိုင်ငံရဲ့ လက်ရှိသမ္မတ ယွန်းဆွတ်ခ်ယိုး အတွက် ဖမ်းဝရမ်းကို တရားရုံးက ဒီဇင်ဘာ ၃၁ ရက်မှာ အတည်ပြုခဲ့ကြောင်း စုံစမ်းစစ်ဆေးရေး အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

သမ္မတ ယွန်းဟာ ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးအမိန့် ချမှတ်ခြင်းအပေါ် စွပ်စွဲပြစ်တင်မှုနဲ့ ရာထူးဆိုင်းငံ့ခြင်း ခံထားရတာ ဖြစ်ပါတယ်။

အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးရုံးက အဆင့်မြင့်အရာရှိတွေဟာ ဆိုးလ် အနောက်ပိုင်းခရိုင် တရားရုံးက ဝရမ်းကို အတည်ပြုခဲ့ပါတယ်။

ဒါဟာ တောင်ကိုရီးယားမှာ လက်ရှိသမ္မတတယောက်ကို ပထမဆုံး ဖမ်းဝရမ်းထုတ်လိုက်တာ ဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။

သမ္မတ ယွန်းဟာ ဆူပူအုံကြွမှု ဖြစ်စေနိုင်တဲ့ စွဲချက်တွေအတွက် ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

သမ္မတ ယွန်းရဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်ဟာ တော်လှန်ပုန်ကန်မှုနဲ့ ပတ်သက်မှု ရှိ မရှိကို ပူးတွဲစုံစမ်းစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့နဲ့ အဆင့်မြင့်အရာရှိတွေအတွက် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံးက စစ်ဆေးမေးမြန်းမှုအတွက် ဆင့်ခေါ်ချက်တွေကို တုံ့ပြန်ဖို့ ပျက်ကွက်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအဖြစ် သမ္မတရုံးကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖို့ လုပ်ဆောင်ခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။

ဆူပူအုံကြွမှုဟာ တောင်ကိုရီးယားသမ္မတ ဖြစ်နေရင်တောင် ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိတဲ့ စွဲချက်အနည်းငယ်ထဲက တခုဖြစ်ပါတယ်။

သမ္မတ ယွန်းဟာ စစ်အုပ်ချုပ်ရေး ခဏတာ ပြဋ္ဌာန်းဖို့ ဆုံးဖြတ်ချက်ကြောင့် လွှတ်တော်က စွပ်စွဲပြစ်တင်ခံရပြီးနောက် သမ္မတရာထူးကနေ ဆိုင်းငံ့ခံခဲ့ရတာပါ‌။

ရိုင်ဖယ်သေနတ်တွေ၊ ကျည်ကာဝတ်စုံတွေနဲ့ ညကြည့်ကိရိယာတွေ တပ်ဆင်ထားတဲ့ စစ်အုပ်ချုပ်ရေးတပ်သားတွေ လွှတ်တော်ထဲကို ဝင်ရောက်လာခဲ့ကြပြီး ဝန်ထမ်းတွေက မီးသတ်ဆေးဘူးတွေနဲ့ တားဆီးခဲ့ကြပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့်ကို လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီးချိန်အထိ နာရီပိုင်းသာကြာမြင့်ခဲ့ပြီး အဲဒီအမိန့်ကို သမ္မတယွန်းက ထောက်ခံခဲ့ပါတယ်။

သမ္မတယွန်းရဲ့ စစ်အုပ်ချုပ်ရေး ကြေညာလိုက်တဲ့ လုပ်ရပ်ကြောင့် အာရှရဲ့ စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံကို တုန်လှုပ်သွားစေခဲ့ပြီး ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ အမေရိကန်လို မဟာမိတ်နိုင်ငံတွေအကြား နိုင်ငံတကာမှာလည်း ထိတ်လန့်သွားခဲ့ကြပါတယ်။

သမ္မတယွန်းကို ပြန်ခန့်အပ်မလား ဒါမှမဟုတ် သူ့ကို ရာထူးကနေ အပြီးအပိုင်ဖယ်ရှားမှာလား ဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက စတင်စစ်ဆေးနေပြီး ဆုံးဖြတ်ချက်ချဖို့က ရက်ပေါင်း ၁၈၀ ရှိပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က တရားရုံးဟာ သူ့ရဲ့ ပထမဆုံး ပြင်ဆင်ကြားနာမှု လုပ်ခဲ့ပြီး သမ္မတယွန်းရဲ့ ရှေ့နေတွေက ပိုကောင်းမွန်တဲ့ ပြင်ဆင်မှုလုပ်ဖို့အတွက် တရားစွဲတာကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာကိုလည်း ငြင်းဆိုခဲ့ပါတယ်။

တရားရုံးကတော့ မြန်မြန်ဆန်ဆန် လုပ်ဆောင်မယ်လို့ ပြောပါတယ်။ လာမယ့် ဇန်နဝါရီ ၃ ရက်မှာ နောက်ထပ်ကြားနာဖို့ ရုံးချိန်းရှိပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013