ဘူလ်ဂေးရီးယားနဲ့ ရိုမေးနီးယားတို့ဟာ ဥရောပရဲ့ လွတ်လပ်စွာခရီးသွားခွင့်ရှိတဲ့ ရှန်ကန်နယ်မြေထဲကို အပြည့်အဝ ပူးပေါင်းပါဝင်လိုက်တာကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက် ညသန်းခေါင်ချိန်ကစပြီး ဒီနှစ်နိုင်ငံနဲ့ တခြားဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေနဲ့ နယ်နိမိတ် စစ်ဆေးမှုတွေကို အဆုံးသတ်ခဲ့ပါတယ်။
၂ နိုင်ငံ ပြည်ထဲရေးဝန်ကြီးတွေဟာ ဘူလ်ဂေးရီးယား နယ်စပ်မြို့ ရူးဇ်နဲ့ နီးတဲ့ ဒါးညုဘ် မြစ်ပေါ်က ချစ်ကြည်ရေးတံတားကို ဖြတ်ကျော်လာတဲ့ ပထမဆုံး ယာဉ်မောင်းတွေကို ကြိုဆိုခဲ့ပါတယ်။
သြစတြီးယားဟာ တရားမဝင် လူဝင်မှုကြီးကြပ်ရေးကို ရပ်တန့်ဖို့အတွက် ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိန်းသိမ်းခဲ့တဲ့ ဗီတိုအာဏာကို ပယ်ချပြီးနောက်မှာ EU နဲ့ NATO မဟာမိတ်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယားတို့ဟာ မတ်လမှာ ရှန်ကန်းဧရိယာထဲကို တစိတ်တပိုင်း ပါဝင်ခဲ့တာပါ။
၂၀၂၄ ခုနှစ် မတ်လမှာ ရိုမေးနီးယားနဲ့ ဘူလ်ဂေးရီးယားအတွက် လေကြောင်းနဲ့ ရေကြောင်း စစ်ဆေးမှုတွေကို ခရီးသွားဇုန်ရှိ တခြားနိုင်ငံတွေနဲ့ ရုပ်သိမ်းခဲ့ပေမဲ့ ကုန်းလမ်းခရီး ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး ဩစတြီးယားနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို မနှစ်တုန်းက တောက်လျှောက်လုပ်နေခဲ့တာ ဖြစ်ပါတယ်။
Source : Reuters