Home
နိုင်ငံတကာ
အမေရိကန်၊ တူရကီ၊ ဥရောပသမဂ္ဂနှင့် အာရပ်နိုင်ငံတို့ ဆီးရီးယားအနာဂတ် တွေ့ဆုံဆွေးနွေး
DVB
·
December 15, 2024
Photo: ANDREW CABALLERO-REYNOLDS/Pool via REUTERS

အမေရိကန်၊ တူရကီ၊ ဥရောပသမဂ္ဂနဲ့ အာရပ်နိုင်ငံတို့က ထိပ်တန်းသံတမန်တွေ ဆီးရီးယားရဲ့ အိမ်နီးချင်း ဂျော်ဒန်နိုင်ငံမှာ ဒီဇင်ဘာ ၁၄ ရက်က တွေ့ဆုံခဲ့ပါတယ်။

ဆီးရီးယားအရေး ဆွေးနွေးဖို့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အင်အားကြီး နိုင်ငံတွေက ဖြုတ်ချခံ သမ္မတ ဘာရှာအယ်လ်အာဆတ်ကို အစားထိုးမယ့် ဆီးရီးယား အစိုးရကို သြဇာလွှမ်းမိုးနိုင်ဖို့ အလုအယက် ယှဉ်ပြိုင်နတာပါ။ ဒီပွဲမှာ အာဆတ်ကို အဓိက ထောက်ခံသူတွေဖြစ်တဲ့ ရုရှားနှင့် အီရန်တို့ကို မဖိတ်ကြားခဲ့ပါဘူး။

ဒမတ်စကတ်ကို သိမ်းပိုက်ခဲ့တဲ့ လျှပ်တပြက်ထိုးစစ်ကို ဦးဆောင်သူ ဟာယက် တာရီယာ အယ်လ်ရှမ်း (HTS) အပါအဝင် အောင်ပွဲခံ သူပုန်အဖွဲ့တွေနဲ့ နုတ်ထွက်တော့မယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့တို့ တနင်္ဂနွေနေ့က စတင်ပူးပေါင်းနေပါပြီ။

ဘိုင်ဒင်က လူနည်းစုတွေအပေါ် လေးစားဖို့ အပါအဝင် ဆီးရီးယားရဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို လမ်းညွှန်ပေးမယ်လို့ အမေရိကန် အစိုးရက မျှော်လင့်ထားတဲ့ အခြေခံမူတွေအတွက် ထောက်ခံမှုရယူဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကို ခုသီတင်းပတ်အတွင်းမှာ ဒေသတွင်းကို စေလွှတ်ခဲ့ပါတယ်။ 

ဒီအတောအတွင်း ဆီးရီးယားမြောက်ပိုင်း အိမ်နီးချင်း တူရကီဟာ အာဆတ်ကို ဖြုတ်ချဖို့ ကြိုးပမ်းနေတဲ့ ဆီးရီးယား အတိုက်အခံတပ်ဖွဲ့တွေကို နှစ်ပေါင်းများစွာ ထောက်ခံခဲ့ပြီး ဆီးရီးယားအစိုးရသစ်မှာ သြဇာကြီးတဲ့ အခန်းကဏ္ဍကနေ ပါဖို့ အသင့်ရှိနေပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024