
ရုရှားအစိုးရဟာ ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် စေ့စပ်ညှိနှိုင်းဖို့ လမ်းဖွင့်ထားပေမဲ့ ဆွေးနွေးပွဲတွေဟာ အရင်းခံအကြောင်းတရားတွေကို ဖြေရှင်းရမှာဖြစ်ပြီး လက်တွေ့မှာ အဖြစ်မှန်တွေကို ထင်ဟပ်စေရမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာ့ဗ်ရော့ဗ်က ရီယာနိုဗိုစတီ သတင်းဌာနနဲ့ ဒီဇင်ဘာ ၂၉ ရက် မေးမြန်းခန်းမှာ ပြောပါတယ်။
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ မဟာမိတ်နဲ့ နယ်မြေချဲ့ထွင်မှု အပါအဝင် အနောက်နိုင်ငံတွေက ရုရှားရဲ့ လုံခြုံရေးအတွက် ရေရှည်ခြိမ်းခြောက်နေတာတွေကို ဖယ်ရှားဖို့နဲ့ ယူကရိန်းရဲ့ ဘက်မလိုက်၊ နျူးကလီးယား လက်နက်ပိုင် မဟုတ်တဲ့ အခြေအနေကို သေချာစေဖို့ လိုအပ်တယ်လို့ လာ့ဗ်ရော့ဗ်က အလေးပေး ပြောကြားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံထဲက ရုရှားစကားပြောတဲ့ ယူကရိန်းနိုင်ငံသားတွေရဲ့ ရပိုင်ခွင့်၊ လွတ်လပ်ခွင့်နဲ့ အကျိုးစီးပွားတွေကို သေချာစေရေး သီးခြားတာဝန်ဝတ္တရားတွေကို ယူကရိန်းအစိုးရက တာဝန်ယူရမယ်လို့လည်း သူက ဆက်ပြောပါတယ်။
အားရှိတဲ့နေရာကနေ ရပ်တည်ပြီး စေ့စပ်ညှိနှိုင်းဖို့ အနောက်နိုင်ငံတွေဆီက လုံလောက်တဲ့ အထောက်အပံ့ မရှိသေးတဲ့အတွက် ယူကရိန်းဟာ ရုရှားနဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေ တက်ဖို့ ပြင်ဆင်မထားရသေးဘူးလို့ ယူကရိန်းနိုင်ငံ သမ္မတရုံး အကြီးအကဲ အန်ဒရီယာမက်ခ်က လွတ်လပ်တဲ့ ယူကရိန်း ပြည်တွင်းမီဒီယာ ဆိုစပီလင်နဲ့ လူတွေ့မေးမြန်းခန်းမှာ ဒီဇင်ဘာ ၁၂ ရက်က ပြောပါတယ်။
Source : Reuters