ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဒီဇင်ဘာ ၂၈ ရက်မှာ ရုရှရဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးကို မီဒီယာတွေ တက်ရောက်သတင်းယူခွင့် ပိတ်ပင်ခဲ့ပြီး အဖွင့်အမှာစကားမှာတော့ ကက်စပီယံဒေသမှာ အပြန်အလှန်ဆက်ဆံရေး၊ မဟာမိတ်တွေနဲ့ လက်တွဲလုပ်ဆောင်ရေးတို့နဲ့ ပတ်သက်တဲ့ တခြားကိစ္စရပ်တွေကို ဆွေးနွေးသွားမယ်လို့ ပူတင်က ပြောခဲ့ပါတယ်။
အစည်းအဝေးနဲ့ပတ်သက်တဲ့ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ရုရှားသမ္မတနန်းတော် ကရင်မလင်က ထုတ်မပြောခဲ့ပါဘူး။
ရုရှားလေပိုင်နက်ထဲမှာ အဇာဘိုင်ဂျန်လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်တစင်း ပျက်ကျခဲ့တဲ့ ဝမ်းနည်းစရာဖြစ်ရပ်အတွက် အဇာဘိုင်ဂျန်သမ္မတ အူဟမ် အာလီယက်ဗ်ကို စနေနေ့နှောင်းပိုင်းမှာ ပူတင်က တောင်းပန်ပါတယ်။
ယူကရိန်းဒရုန်းတွေကို ပစ်ချဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ စစ်ဆင်ရေးကြောင့် လေကြောင်းခရီးစဉ် J2-8243 ဟာ ကာဇက်စတန်နိုင်ငံ အက္ခတောင်း မြို့နားက ရုရှားလေပိုင်နက်ထဲမှာ ဗုဒ္ဓဟူးနေ့က ပျက်ကျခဲ့တာပါ။
ယူကရိန်းဒရုန်းတွေက မြို့အများအပြားကို တိုက်ခိုက်နေတယ်လို့ အစီရင်ခံလာလို့ ရုရှားနိုင်ငံတောင်ပိုင်းကနေ လမ်းကြောင်းပြောင်း ပျံသန်းလာတဲ့ ဂျက်လေယာဉ်ဟာ အဇာဘိုင်ဂျန်နိုင်ငံမြို့တော် ဘာကူကနေ ရုရှားတောင်ပိုင်း ချေချင်းညာဒေသက ဂရိုဇ်နီမြို့ဆီ ပျံသန်းခဲ့ပြီး ကက်စ်ပီယံပင်လယ်ကို မိုင်ရာချီ ဖြတ်ကျော်ပျံသန်းခဲ့ပါတယ်။
လေယာဉ်ပျက်ကျလို့ လူ ၃၈ ယောက် ထက်မနည်းသေဆုံးခဲ့ပြီး ရုရှား လေကြောင်းရန် ကာကွယ်ရေးတပ်က မှားယွင်းပစ်ချခဲ့တာလို့ အဇာဘိုင်ဂျန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုရဲ့ ပဏာမတွေ့ရှိချက်တွေကိုသိထားတဲ့ သတင်းရင်းမြစ် ၄ ခုက ကြာသပတေးနေ့မှာ ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။
Source: Reuters