Home
နိုင်ငံတကာ
လာမည့် ဘဏ္ဍာနှစ်အတွက် စံချိန်တင် ဘတ်ဂျက် ဒေါ်လာ ဘီလီယံ ၇၂၀ ဂျပန်သတ်မှတ်
DVB
·
December 27, 2024
Photo : JAPAN POOL / TV TOKYO / REUTERS

‌‌ဂျပန်နိုင်ငံဟာ စံချိန်တင် ဘတ်ဂျက် ဒေါ်လာ ၇၃၀ ဘီလီယံကို လာမယ့်ဘဏ္ဍာနှစ်အတွက် ဝန်ကြီးချုပ် အီရှီဘရဲ့ အစိုးရအဖွဲ့က အတည်ပြုခဲ့ပါတယ်။

အခွန်ဘဏ္ဍာ စံချိန်တင်ပြီး ၁၇ နှစ်အတွင်း အစိုးရ ငွေချေးစာချုပ်အသစ်ထုတ်လုပ်မှုကို ကန့်သတ်ထားချိန်မှာ အခုလို စံချိန်တင် ဘဏ္ဍာငွေ သတ်မှတ်ခဲ့တာပါ။

ဘဏ္ဍာနှစ်စတင်မယ့် ဧပြီလမှာ ခန့်မှန်းငွေ ဒေါ်လာ ၇၃၂ ဒသမ ၃၆ ဘီလီယံ (ယန်း ၁၁၅ ဒသမ ၅ ထရီလီယံ) အသုံးပြုဖို့ သတ်မှတ်တာက ဒီနှစ်အသုံးပြုတဲ့ ဘဏ္ဍာရေးငွေထက် ၂ ဒသမ ၆ ရာခိုင်နှုန်း တိုးလာတာဖြစ်ပါတယ်။ ငွေချေးမှုနဲ့ လူမှုလုံခြုံရေးအတွက် သုံးစွဲမှုကြောင့် အခုလို တိုးလာတာလည်း ဖြစ်ပါတယ်။

စံချိန်တင် အခွန်ဝင်ငွေက ယန်း ၂၈ ဒသမ ၆ ထရီလီယံအထိ ငွေချေးစာချုပ်အသစ် ထုတ်ရောင်းမှုကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ငွေချေးစာချုပ် ရောင်းချမှုဟာ ဘတ်ဂျက်ရဲ့ ၄ ပုံ ၁ ပုံရှိပြီး ကြွေးမြီမှီခိုမှု အချိုး ၂၄ ဒသမ ၈ ရှိပါတယ်။ ဒါဟာ ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၃၀ ရာခိုင်နှုန်းအောက် လျော့ကျတာလည်း ဖြစ်ပါတယ်။

အီရှီဘရဲ့ အစိုးရအဖွဲ့ဝင် အနည်းစုဟာ လာမယ့်နှစ်အစောပိုင်းမှာ လွှတ်တော်တွင်း အတိုက်အခံပါတီတွေနဲ့ ခက်ခဲတဲ့ ဆွေးနွေးရမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013