ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၀၂၅-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် စစ်ရေးအသုံးစရိတ်ကို အတည်ပြုလိုက်ပြီဆိုတဲ့ စာရွက်စာတမ်းတရပ်ကို တရားဝင်ဥပဒေပြုရေး ဝက်ဘ်ဆိုက်မှာ ဒီဇင်ဘာ ၁ ရက်က ဖြန့်ချိထားပါတယ်။
လာမယ့်နှစ်အတွက် နိုင်ငံတော်ဘတ်ဂျက်မှာ စစ်အသုံးစရိတ် ၂၅ ရာခိုင်နှုန်းတိုးတာ ပါဝင်ပေမဲ့ ဆိုဗီယက်ခေတ်လွန်သမိုင်းမှာ အလျှို့ဝှက်ဆုံးဖြစ်မယ့် နိုင်ငံတော် ရသုံးမှန်းခြေ ငွေစာရင်းရဲ့ သုံးပုံတပုံနီးပါးကို အများပြည်သူ စိစစ်ခွင့်မပြုဘဲ ပိတ်ပင်ထားပါတယ်။
ရုရှားအစိုးရက ယူကရိန်းမှာ သူ့ရဲ့ အထူးစစ်ဆင်ရေးလို့ ခေါ်တဲ့ အထူးစစ်ဆင်ရေးနဲ့ စစ်တပ်အတွက် ပံ့ပိုးကူညီမှုတို့ဟာ လူမှုရေးလိုအပ်ချက်တွေ၊ နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူ ဘတ်ဂျက်ဦးစားပေးအဖြစ် ဆက်ရှိနေမယ်လို့ ရုရှားအစိုးရက အသိအမှတ် ပြုခဲ့ပါတယ်။
အစိုးရက ဘတ်ဂျက်မူကြမ်းကို “ဟန်ချက်ညီတဲ့ ဘတ်ဂျက်” အဖြစ် တင်ပြထားပြီး အခုနှစ်ထဲမှာ လိုငွေပြမှု ၁ ဒသမ ၇ ရာခိုင်နှုန်းကနေ ၀ ဒသမ ၅ ရာခိုင်နှုန်းထိ ကျဆင်းဖို့၊ နိုင်ငံတော်ကြွေးမြီကတော့ လာမယ့် ၃ နှစ်အတွက် ၂၀ ရာခိုင်နှုန်းအောက် ကျန်ရှိနေဖို့ တင်ပြထားပါတယ်။
Source : Reuters