Home
မြန်မာသတင်း
မောင်တောတွင် ARSA တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး၊ အများအပြား ဒဏ်ရာရ
DVB
·
December 27, 2024
အောက်တိုဘာ ၆ ရက်က ARSA စခန်းကို AA သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့။ (Photo : AA)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းနဲ့ တောင်ပြိုအကြားမှာ ဒီဇင်ဘာ ၂၄ ရက်က အရပ်သားတွေစီးလာတဲ့ ကားတစီးကို ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ (ARSA) က ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်လာပါတယ်။

ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းမှာ အင်အား ၂၅ ယောက်ပါဝင်တဲ့ ARSA အဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့တာလို့ AA က ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ထားတာပါ။

မောင်တောမြို့ ကြိမ်ချောင်းကနေ တောင်ပြိုဘက်ကို ဈေးသွားဝယ်ကြတဲ့ အရပ်သားတွေ စီးလာတဲ့ကား ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့်  ကားပေါ်မှာပါလာတဲ့ စေတနာ့ဝန်ထမ်း အမျိုးသမီးနဲ့ စျေးဝယ်အမျိုးသမီး စုစုပေါင်း ၁၆ ယောက်ထဲက တယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထိခိုက်ဒဏ်ရာရှိသူတွေကို အာရက္ခတပ်တော်က ကျန်းမာရေးစောင့်ရှောက်မှု ပေးထားပြီး လက်ရှိမှာတော့ ချုံခိုတိုက်ခိုက်သွားတဲ့ ARSA အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ကို AA ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013