ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ခဲ့သူတွေကို ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဘက်က ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဒီဇင်ဘာ ၂၄ ရက် မနက်က ဟုမ်းလမ်းဘူတာရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းငွေ သေနတ်နဲ့ပစ်ခတ်ခံရလို့ ဒဏ်ရာရခဲ့ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ ပစ်ခတ်သူတွေကို အဲဒီညမှပဲ ဖမ်းမိတယ်ဆိုပြီ Free Land Attack Force (FLA) အဖွဲ့ဝင်တွေလို့ဆိုတဲ့ လူငယ်အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ရဲ့ ဓာတ်ပုံတွေနဲ့ ထုတ်ပြန်လာတာပါ။
အခုလို စွပ်စွဲဖမ်းခံရတဲ့ လူငယ် ၂ ယောက်ဟာ အမှန်တကယ် ပစ်ခတ်မှု ကျူးလွန်သူတွေ ဟုတ်မဟုတ် အတည်မပြုနိုင်သေးသလို ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ Free Land Attack Force (FLA) အဖွဲ့ကလည်း တစုံတရာ ထုတ်ပြန်တာ မတွေ့ရပါဘူး။
အလားတူ ပစ်ခတ်မှုတွေဖြစ်ပွားတိုင်း စစ်ကောင်စီတပ်တွေဟာ တွေ့ရာကြုံရာ လူငယ်တွေကို ဖမ်းဆီးပြီး တရားခံအဖြစ် ထုတ်ပြန်လေ့ရှိပါတယ်။