ဂါဇာကမ်းမြောင် အလယ်ပိုင်း နူဆေရတ် ဒုက္ခသည်စခန်းရှိ အယ်လ်-အောဒါ ဆေးရုံအနီးတဝိုက်မှာ ဒီဇင်ဘာ ၂၆ ရက် အစောပိုင်းက သတင်းထောက်တွေ စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဉ် တိုက်ခိုက်ခံရလို့ သတင်းထောက် ၅ ယောက် သေဆုံးခဲ့ကြောင်း ဂါဇာကမ်းမြောင်ရဲ့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
အဲဒီမော်တော်ယာဉ်ဟာ မီဒီယာသုံး ဗင်ကားအဖြစ် သတ်မှတ်ထားတာဖြစ်ပြီး ဆေးရုံနဲ့ နူဆေရတ် စခန်းအတွင်းမှ သတင်းပေးပို့ရာမှာ သတင်းထောက်တွေ အသုံးပြုကြကြောင်း ပါလက်စတိုင်း မီဒီယာတွေနဲ့ ပြည်တွင်းသတင်းထောက်တွေက ပြောပါတယ်။
ဂျာနယ်လစ်တွေဟာ အယ်လ်-ကွဒ်စ် အယ်လ်-ယူးမ် ရုပ်မြင်သံကြားချန်နယ်မှာ အလုပ်လုပ်ကြသူတွေ ဖြစ်ပါတယ်။ အခုတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အစ္စရေးက ချက်ချင်း မှတ်ချက်ပေးခြင်း မရှိပါဘူး။
Source : Reuters