Home
နိုင်ငံတကာ
ဆီးရီးယား တော်လှန်ရေးအဖွဲ့ခွဲများကို ကာကွယ်ရေးဝန်ကြီးဌာနအောက်၌ ပေါင်းစည်းမည်
DVB
·
December 25, 2024
Photo : STATE DEPARTMENT HANDOUT / ORIENT TV / REUTERS / DAWN OF FREEDOM OPERATION

ဆီးရီးယားနိုင်ငံရဲ့ တော်လှန်ရေးခေါင်းဆောင် အာမဒ် အယ်လ်-ရှာရားဟာ တော်လှန်ရေးအုပ်စု အားလုံးကို ဖျက်သိမ်းပြီးတော့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ စုစည်းထားရှိဖို့ တော်လှန်ရေးအဖွဲ့ခွဲတွေရဲ့ ခေါင်းဆောင်ဟောင်းတွေနဲ့ ဒီဇင်ဘာ ၂၄ ရက်မှာ သဘောတူညီမှု ရရှိခဲ့ကြောင်း အစိုးရသစ်က ထုတ်ပြန်လိုက်ပါတယ်။

“ဒမတ်စကတ်ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ နိုင်ငံတကာအသိုက်အဝန်းက အသုံးပြုတဲ့ အကြောင်းပြချက်တွေကို ချေဖျက်ဖို့အတွက် အယ်လ်ကိုင်ဒါနဲ့ ဆက်နွှယ်နေတဲ့ ဂျာဘတ် အယ်လ်-နူဆေရာ အမည်နဲ့ အလုပ်မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ပြီး ဂျာဘတ် ဖာတား အယ်လ်-ရှမ် အမည်နဲ့ အလုပ်အဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းသွားမှာဖြစ်ကြောင်းနဲ့ ဒီအဖွဲ့အစည်းအသစ်ဟာ ဘယ်ပြင်ပအဖွဲ့အစည်းနဲ့မှ ဆက်စပ်မှုမရှိဘူးဆိုတာ မှတ်ထားရပါမယ်” လို့ အာမဒ် အယ်လ်-ရှာရားက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဝန်ကြီးချုပ် မိုဟမ်မဒ် အယ်လ်-ဘာရှားဟာ ဝန်ကြီးဌာနကို အရင်တော်လှန်ရေးတွေနဲ့ ဘာရှား အယ်လ်-အာဆတ်ရဲ့ စစ်တပ်မှ ဆုတ်ခွာလာတဲ့ အရာရှိတွေကို အသုံးပြုပြီး ပြန်လည်ဖွဲ့စည်းမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ရှာရားဟာ များပြားလှတဲ့ အုပ်စုတွေအကြား ပဋိပက္ခတွေ မဖြစ်အောင် လုပ်ရဦးမှာ ဖြစ်ပါတယ်။

နိုင်ငံရဲ့အုပ်ချုပ်သူအသစ်တွေဟာ ဘာရှား အယ်လ်-အာဆတ်ကို ဖြုတ်ချခဲ့တဲ့ လက်နက်ကိုင် တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ မူဟက်ဖ် အဘူကက်စ်ရာကို ကြားဖြတ်အစိုးရမှာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

အယ်လ်ကိုင်ဒါ အဖွဲ့ခွဲမှာ အဖွဲ့ဝင်ဟောင်း ဖြစ်ခဲ့တဲ့ ရှာရားဟာ သူ ဦးဆောင်နေတဲ့ အစ္စလာမ္မစ် ဟာယတ် တာရီယာ အယ်လ်-ရှမ်း (HTS) အဖွဲ့ဟာ အရင်စစ်အာဏာရှင်အစိုးရကို လက်စားချေဖို့ ကြိုးပမ်းမှာ မဟုတ်သလို ဘယ်ဘာသာရေးလူနည်းစုကိုမှ ဖိနှိပ်မှာမဟုတ်ဘူးလို့ သူ့ဆီကို လာရောက်တဲ့ အနောက်တိုင်းသား အရာရှိတွေကို ပြောခဲ့ပါတယ်။

ဆီးရီးယားသူပုန်တွေဟာ ဒီဇင်ဘာ ၈ ရက်မှာ ဒမတ်စကတ်မြို့ကို သိမ်းပိုက်ပြီးတော့ ၁၃ နှစ်ကျော်ကြာ ပြည်တွင်းစစ်နဲ့ အာဏာရှင် အာဆတ် မိသားစုရဲ့ ဆယ်စုနှစ်များစွာကြာ အုပ်ချုပ်မှုကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ရက်ပေါင်း ၁၁ ရက်အတွင်းမှာ ဆီးရီးယားဟာ မြောက်ကနေ တောင်ဘက်၊ အရှေ့ကနေ အနောက်အထိ လွတ်မြောက်ခဲ့ပြီး ၁၃ နှစ်ကြာ ဆင်းရဲဒုက္ခတွေ သက်သာလာခဲ့ပြီလို့ ဆီးရီးယား တော်လှန်ရေးခေါင်းဆောင် အာမဒ် အယ်လ်-ရှာရားက ပြောပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013