Home
မြန်မာသတင်း
သဘာဝဘေးသင့် မြန်မာပြည်သူများအတွက် တောင်ကိုရီးယားနှင့် တရုတ်က ဆန်တန်ချိန် ၃,၅၀၀ ထောက်ပံ့
DVB
·
December 25, 2024

သဘာဝဘေးအန္တရာယ်နဲ့ကြုံတွေ့ခဲ့ရတဲ့  မြန်မာပြည်သူတွေအတွက် တောင်ကိုရီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က  ဆန်တန်ချိန် ၃,၅၀၀ ထောက်ပံ့ကူညီခဲ့တယ်လို့ ဆင်ဟွာ သတင်းဌာနက သတင်းထုတ်ပါတယ်။

အာဆီယံ + ၃ အရေးပေါ် အရန်ဆန်ရိက္ခာ (APTERR) ၂၀၂၄ အစီအစဉ်ကနေတဆင့် ရေဘေးသင့် မြန်မာပြည်သူတွေအတွက် တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့က ထောက်ပံ့တဲ့ ဆန်တန်ချိန် ၃,၅၀၀ ကို လက်ခံရရှိခဲ့တယ်လို့ စိုက်ပျိုးရေးဌာနက ဦးစီးအရာရှိက ပြောတဲ့အကြောင်း သတင်းမှာ ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနဟာ ဆန်သိုမှီးရေးနဲ့ ဖြန့်ဖြူးရေးဆိုင်ရာ APTERR အစီအစဉ်မှာ ၂၀၁၇ ခုနှစ်ကစပြီး တက်ကြွစွာနဲ့ ပါဝင်ဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေးအရာရှိက ဆိုပါတယ်။ 

၂၀၁၇ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်ကြားကာလအတွင်း မြန်မာနိုင်ငံဟာ APTERR အစီအစဉ်ကနေတဆင့် အာဆီယံ + ၃ နိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတို့က ထောက်ပံ့တဲ့ ဆန်တန်ချိန် ၉,၀၀၀ နီးပါး လက်ခံရရှိခဲ့ပြီး သဘာဝဘေးဒဏ်သင့်ဒေသတွေကို ဖြန့်ဖြူးပေးခဲ့တယ်လို့ ဆိုပါတယ်။ 

အလားတူ APTERR ၂၀၂၃ အစီအစဉ်ကနေလည်း တောင်ကိုရီးယားနဲ့ တရုတ်တို့က ထောက်ပံ့တဲ့ ဆန်တန်ချိန် ၃,၄၅၀ လက်ခံရရှိခဲ့ပြီး လူပေါင်း ၃၄၀,၀၀၀ ကျော်ကို ဖြန့်ဝေပေးနိုင်ခဲ့တယ်လို့ စိုက်ပျိုးရေး ဦးစီးအရာရှိရဲ့ ပြောဆိုချက်အရ သိရပါတယ်။ 

Source: Xinhua

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013