မြောက်ကိုရီးယားဟာ အသေခံဒရုန်းတွေ အပါအဝင် လက်နက်တွေနဲ့ တပ်ဖွဲ့တွေ ရုရှားကို ထပ်ပြီး ပေးမယ်လို့ တောင်ကိုရီးယားစစ်တပ်က ဖော်ပြပါတယ်။
၂၄၀ မီလီမီတာ ဒုံးလောင်ချာများ၊ ၁၇၀ မီလီမီတာ ဟောင်ဝစ်ဇာတွေ ထောက်ပံ့ပေးခဲ့ပြီးနောက် ယူကရိန်းစစ်ပွဲအတွက် ရုရှားကို မြောက်ကိုရီးယားက ပံ့ပိုးမှုတွေ ထပ်ပြီး ပြုလုပ်မှာဖြစ်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ကြီးကြပ်ခဲ့တဲ့ ပြီးခဲ့တဲ့လ စမ်းသပ်မှုအပြီးမှာ အသေခံဒရုန်းတွေ ရုရှားကို ပိုပြီးပေးပို့ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ကင်မ်က ဒရုန်းတွေ ပိုပြီးထုတ်လုပ်ဖို့ ညွှန်ကြားထားပြီး စစ်တပ်ရဲ့ ပညာရေးနဲ့ သီအိုရီပိုင်းကို အဆင့်မြှင့်တင်ထားပါတယ်။
ကမ္ဘာ့အဆင့်လက်နက်တွေနဲ့ ယှဉ်ပြိုင်ဖို့ ကင်မ်က ရည်ရွယ်ထားတယ်လို့ အခြေစိုက် မီဒီယာတွေက ဖော်ပြထားပါတယ်။
ရုရှားကို မြောက်ကိုရီးယားတပ်ဖွဲ့ အင်အား ၁၂,၀၀၀ ပေးပို့ထားတယ်လို့ ယူကရိန်း၊ အမေရိကန်၊ တောင်ကိုရီးယားတို့က ပြောထားပါတယ်။
ရုရှားကို မြောက်ကိုရီးယားက ပံ့ပိုးမှုပေးနေတာနဲ့ ပတ်သက်ပြီး ၁၉၄၂ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တဲ့ အမေရိကန် ထိပ်သီးကာကွယ်ရေးအဖွဲ့ JCS ကလည်း သတင်းတွေ ထုတ်ပြန်ပါတယ်။
JCS ရဲ့ ဖော်ပြချက်အရ ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားတပ်သား ၁,၁၀၀ ထက်မနည်း သေဆုံးတာတွေ၊ ဒဏ်ရာရတာတွေ ရှိတယ်လို့ ဆိုပါတယ်။
ကပ်ချ်ဒေသမှာ တောင်ကိုရီးယား စုံထောက်အေဂျင်စီက မြောက်ကိုရီးယားတပ်သား ၁၀၀ သေဆုံးခဲ့ပြီး ၁,၀၀၀ ကျော် ဒဏ်ရာရနေတယ်လို့ ပြီးခဲ့တဲ့အပတ်က ဖော်ပြပါတယ်။
ကိုရီးယားနယ်စပ်မှာလည်း မြောက်ကိုရီးယားက တပ်သား ၁၀,၀၀၀ စေလွှတ်ပြီး ခံစစ်အခိုင်အမာ ပြင်ဆင်ထားပါတယ်။ အဲဒီနေရာမှာ သံဆူးကြိုးတွေ အတားအဆီးတွေနဲ့ ပြီးခဲ့တဲ့ အပတ်တွေက ကာရံခဲ့တာ ဖြစ်ပါတယ်။
JCS က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေအရ မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ လျှပ်စစ်ဓာတ်အားပေး ခြံစည်းရိုးတွေကို ဆိတ်တကောင်အသုံးပြုပြီး စမ်းသပ်ခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားဟာ အလယ်အလတ် အကွာအဝေးပစ် ဒုံးကျည်တွေကို နှစ်အကုန်မှာ ပစ်ခတ်မှုတွေကို စမ်းသပ်မယ်လို့ JCS က ပြောပါတယ်။
Source : Reuters