မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ကျေးလက်စီးပွားရေး ခိုင်မာစေဖို့ မြို့တော်ပြုံယမ်းရဲ့ ပြင်ပဒေသတွေမှာ နိုင်ငံရဲ့ စက်မှုကုန်ထုတ်လုပ်ရေးကို မြှင့်တင်ဖို့ တိုက်တွန်းခဲ့တယ်လို့ အစိုးရပိုင်ရုပ်မြင်သံကြား KRT က ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်လွှင့်ပါတယ်။
ကင်မ်ဂျုံအန်းဟာ ဒီဇင်ဘာ ၂၀ ရက်က ပြုံယမ်းအရှေ့မြောက်ဘက်ရှိ ဆုန်းချွန်းကောင်တီမှာ ကုန်ထုတ်လုပ်ရေး အဆောက်အအုံသစ်အတွက် အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပြီး အဲဒီမှာ ပဲငံပြာရည်နဲ့ ပဲငပိတို့လို ထုတ်ကုန်တွေအတွက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးတာနဲ့ ကုန်ထုတ်လုပ်ငန်းတွေ လှည့်လည်ကြည့်ရှုခဲ့ပါတယ်။
ကင်မ်ဂျုံအန်းဟာ ဒေသတွင်း ကုန်ထုတ်လုပ်မှု စက်ရုံတွေ ခေတ်မီရေး၊ စိုက်ပျိုးရေး တိုးတက်မှုတွေနဲ့ အခြေအနေတွေကို ထည့်မတွက်ရစေဘဲ နှစ်စဉ် ပြတ်သားတဲ့ ရလဒ်တွေ ထွက်ပေါ်ရေးတွေကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
မနှစ်က မြောက်ကိုရီးယားရဲ့ အမည်ခံ GDP ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးဟာ ဝမ် ၄၀ ဒသမ ၂ ထရီလီယံ (ဒေါ်လာ ၂၇ ဒသမ ၈၆ ဘီလီယံ) ရှိပြီး တောင်ကိုရီးယား GDP ရဲ့ ၁ ဒသမ ၇ ရာခိုင်နှုန်းသာရှိကြောင်း တောင်ကိုရီးယား စာရင်းအင်းအေဂျင်စီက ပြောပါတယ်။
မြောက်ကိုရီးယားဟာ ကိုဗစ်ကပ်ဘေးအတွင်း နယ်စပ်တွေ အကုန်ပိတ်ထားလိုက်တဲ့ ၂၀၂၀ ပြည့်နှစ်ကတည်းက ၃ နှစ်ဆက်တိုက် GDP ကျဆင်းသွားခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှသာ ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း အေဂျင်စီက ပြောပါတယ်။
Source: Reuters