မြောက်ကိုရီးယားက ရုရှားနဲ့ သူ့ရဲ့စစ်ရေးမဟာမိတ်ဖွဲ့မှုဟာ အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့တပ်တွေကို ဟန့်တားရာမှာ အလွန်ထိရောက်ကြောင်း သက်သေပြနေတယ်လို့ ဒီဇင်ဘာ ၁၉ ရက်မှာ ပြောကြားလိုက်ပြီး ပြုံယမ်းနဲ့ မော်စကိုကြား ဆက်ဆံရေး တိုးမြင့်လာမှုကို ဆန့်ကျင်ကြတဲ့ ဝါရှင်တန်နဲ့ မဟာမိတ်တွေရဲ့ မကြာသေးမီက ကြေညာချက်ကိုလည်း ရှုတ်ချခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ သူ့ရဲ့ ပါဝင်ပတ်သက်နေမှု သို့မဟုတ် ယူကရိန်းတပ်ဖွဲ့ဝင်တွေ သိမ်းယူထားတဲ့ ကာ့စ်ခ်ဒေသက တိုက်ပွဲတွေမှာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေရဲ့ အသေအပျောက် အများအပြား ရှိကြောင်းကို မဖော်ပြထားဘူးလို့ အမေရိကန်နဲ့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီအစား မြောက်ကိုရီးယားနဲ့ ရုရှားကြား ပုံမှန် ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံရေးရဲ့ အနှစ်သာရကို လိမ်လည်ပြီး ဂုဏ်သရေဖျက်မှုအဖြစ် ဒီဇင်ဘာ ၁၆ ရက်က အမေရိကန်၊ နိုင်ငံ ၉ နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့က ထုတ်ပြန်တဲ့ ကြေညာချက်ကို ရှုတ်ချခဲ့ပါတယ်။
အမည်မဖော်လိုသူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတယောက်ရဲ့ ထုတ်ပြန်ချက်ထဲမှာ မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲကို ရှည်ကြာစေပြီး ဥရောပနဲ့ အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးအခြေအနေ မတည်မငြိမ်ဖြစ်စေခြင်းတို့အတွက် ဝါရှင်တန်နဲ့ သူ့မဟာမိတ်တွေကို အပြစ်တင်ထားကြောင်း သိရပါတယ်။
Source : Reuters