ဆီးရီးယားမြောက်ပိုင်း မန်းဘိချ်မြို့တဝိုက်မှာ တူရကီနဲ့ အမေရိကန် ကျောထောက်နောက်ခံပြု ကာ့ဒ် ဆီးရီးယားတပ်ဖွဲ့ (SDF) တို့အကြား အပစ်အခတ်ရပ်စဲရေးကို အခုသီတင်းပတ်ကုန်အထိ သက်တမ်းတိုးထားတယ်လို့ နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မစ်လာက ဒီဇင်ဘာ ၁၇ ရက်မှာ ပြောကြားပါတယ်။
ဝါရှင်တန်ဟာ ကနဦး အပစ်အခတ်ရပ်စဲရေးကို ပြီးခဲ့တဲ့သီတင်းပတ်က ကြားဝင်စေ့စပ်ပေးခဲ့ပေမဲ့လည်း သက်တမ်းကုန်သွားပြီဖြစ်ကြောင်း မစ်လာက ပြောကြားခဲ့ပြီး ဝါရှင်တန်က အပစ်အခတ်ရပ်စဲရေးကို တတ်နိုင်သမျှ ခပ်ကြာကြာလေး သက်တမ်းတိုးလိုကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
အမေရိကန်ဟာ SDF၊ တူရကီတို့နဲ့ ဆက်လက်ထိတွေ့ဆက်ဆံပြီး ရှေ့ဆက်ရမယ့် ခရီးလမ်းအတွက် တူရကီနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း မစ်လာက ပြောပါတယ်။
ဆီးရီးယားမှာ ပဋိပက္ခတွေ တိုးလာနေတာကို မြင်တွေ့နေရတာဟာ ဘယ်အဖွဲ့ရဲ့ အကျိုးစီးပွားအတွက်မှ မဟုတ်ဘူးလို့လည်း ထပ်လောင်းပြောဆိုပါတယ်။
လက်ရှိ မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေကို ဘယ်ပါတီကမှ သူတို့ရဲ့ ကျဉ်းမြောင်းတဲ့ ကိုယ်ပိုင်အကျိုးစီးပွားအတွက် အခွင့်ကောင်းယူ အမြတ်ထုတ်တာမျိုးကို ပိုမိုကျယ်ပြန့်တဲ့ ဆီးရီးယား အမျိုးသားအကျိုးစီးပွားအတွက် မမြင်လိုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
Source : Reuters