ရုရှားထွက် စိန်တွေကို ဥရောပသမဂ္ဂက ပိတ်ပင်ခဲ့တာကြောင့် အန့်ဝပ်စိန်လုပ်ငန်း ပျက်စီးသွားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အထူးသဖြင့် ဘယ်ဂျီယံရဲ့ အန့်ဝပ်မြို့ရှိ စိန်အရောင်းအဝယ်လုပ်ငန်းတွေ ထိခိုက်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနှစ် ပိတ်ပင်မှုတွေ မပြုလုပ်ခင်အချိန်က ကမ္ဘာမှာ စိန် ၁၀ လုံးဖြတ်တယ်ဆိုရင် အန့်ဝပ်က စိန် ၈ လုံးပါဝင်တဲ့အထိ ဈေးကွက်ကြီးမားပါတယ်။
အန့်ဝပ်စိန်လုပ်ငန်းဟာ ကမ္ဘာပေါ်က စိန်အရောင်းအဝယ်ထက် တဝက်ကျော်အထိ ဈေးကွက်ရှိတဲ့ နေရာဖြစ်ပါတယ်။
ဥရောပသမဂ္ဂက ၂၀၂၄ ဇန်နဝါရီ ၃ ရက်မှာ ကမ္ဘာမှာ အကြီးဆုံးစိန်ထုတ်တဲ့ ရုရှားရဲ့စိန်ကုမ္ပဏီ အယ်ရိုဆာကို စီးပွားရေးပိတ်ဆို့မှု စာရင်းထဲ ထည့်ခဲ့တာဖြစ်ပါတယ်။
ရုရှားဟာ တကမ္ဘာလုံးရဲ့ စိန်ထုတ်လုပ်မှု ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့လည်း ကမ္ဘာ့စိန်ကောင်စီက ဆိုပါတယ်။
အန့်ဝပ်စိန်ရောင်းဝယ်ရေးဟာ လုပ်ငန်းစတင် တည်ထောင်တဲ့ ၁၈၉၃ ခုနှစ်ကတည်းက ရုရှားနိုင်ငံက စိန်တွေ ဝယ်ယူခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် အီးယူရဲ့ ပိတ်ဆို့အရေးယူမှုက အန့်ဝပ်စိန်ရောင်ဝယ်ရေးကို ကြီးမားတဲ့ ထိခိုက်မှု ဖြစ်လာတာပါ။ အန့်ဝပ်စိန် ရောင်းဝယ်ရေးလုပ်ငန်းဟာ ရုရှားစိန်တွေနေရာမှာ တခြားစိန်တွေနဲ့ အစားထိုး ရောင်းချမှု ပြုလုပ်ခဲ့ပေမဲ့ ဈေးနှုန်းမြင့်မားမှု၊ အမြတ်နည်းပါးမှုတို့ကြောင့် တွက်ချေမကိုက်ဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters