Home
အားကစား
ခရိုအေးရှားနည်းပြ အိုင်ဗန်ဂျူရစ်ကို ဆောက်သမ်တန်အသင်း ခေါ်ယူခန့်အပ်
DVB
·
December 23, 2024
Photo: Reuters/Alberto Lingria

ဆောက်သမ်တန်အသင်းဟာ ခရိုအေးရှားနည်းပြ အိုင်ဗန်ဂျူရစ်ကို နည်းပြချုပ်အဖြစ် တရားဝင် ခန့်အပ်လိုက်ပါတယ်။

နည်းပြ ရက်ဆဲလ်မာတင် လက်ထက်မှာ ရလဒ်မကောင်းဖြစ်ခဲ့လို့ ရာထူးကနေ ထုတ်ခဲ့ပြီးနောက်မှာ အိုင်ဗန်ဂျူရစ်ကို  ၁၈ လ စာချုပ်နဲ့ ခေါ်ယူခန့်အပ်ခဲ့တာပါ။

ပရီးမီးယားလိဂ် နည်းပြတယောက် ဖြစ်လာတာက ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ပြီး ဆောက်သမ်တန်အသင်းကို ပိုကောင်းအောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း၊ အသင်းကို ပြင်းပြတဲ့ ကစားဟန်နဲ့ ကစားစေပြီး ပရိသတ်တွေ အကြိုက်တွေ့စေမဲ့ ကစားပုံပြသနိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြသစ်ဂျူရစ်က ပြောပါတယ်။ 

အသက် ၄၉ နှစ်ရှိ နည်းပြဂျူရစ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလက ရိုးမားနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရသူပါ။  

အီတလီကလပ်တွေဖြစ်တဲ့ ဂျီနိုအာ၊ ဗီရိုနာ၊ တိုရီနို အသင်းတွေမှာလည်း တာဝန်ယူခဲ့တဲ့ ဂျူရစ်ဟာ အီတလီပြင်ပက ကလပ်အသင်းတသင်းကို ပထမဆုံးအကြိမ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013