ဆောက်သမ်တန်အသင်းကို အနိုင်ရတဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ တုံ့ပြန်နိုင်စွမ်းကို နည်းပြအာတေတာ က ချီးကျူးသွားပါတယ်။
အာဆင်နယ်ဟာ ဆောက်သမ်တန်ရဲ့ ဦးဆောင်ဂိုး ပေးလိုက်ရပေမဲ့ ၃ ဂိုးဆက် တိုက်သွင်းယူပြီး နိုင်ပွဲပြန်လည်ရရှိခဲ့တာပါ။
ဦးဆောင်ဂိုးပေးလိုက်ရတဲ့နောက်မှာ အသင်းရဲ့ တုံ့ပြန်နိုင်စွမ်းက အလွန်ချီးကျူးစရာကောင်းပြီး လူစားလဲမှုတွေကလည်း အသင်းကို အားဖြစ်စေပြီး အသင်းပရိသတ်တွေကို လှုပ်နှိုးနိုင်ခဲ့ကြောင်း နည်းပြကပြောပါတယ်။
တောင်ပံကစားသမား ဆာကာက သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး စုစုပေါင်း ဂိုးပါဝင်ပတ်သက်မှု ၉ ကြိမ်အထိရှိလာခဲ့ပါတယ်။
ဆာကာဟာ အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်ဖို့ အချိန်ကျတာကြောင့် ခန့်အပ်ခဲ့တာဖြစ်ပြီး အဲဒီအပေါ် ယုံကြည်မှုလည်းရှိကြောင်း နည်းပြ အာတေတာက ပြောပါတယ်။